ပျမ်း​မျှ​​အရက်​​သောက်မှု အမြင့်​ဆုံး​​​အဖြစ် ဗြိတိန်​​ဦး​ဆောင်

alt

ကမ္ဘာ​ပေါ်တွင် ပျမ်း​မျှ​အရက်​သောက်မှု အမြင့်​မား​ဆုံး​ နိုင်ငံများ​တွင် ဗြိတိန်က ဦး​ဆောင်လျက်ရှိ​ကြောင်း​ သိရသည်။ ဗြိတိန်၏ ပျမ်း​မျှအရက်​သောက်နှုန်း​မှာ လူတစ်​ယောက်အတွက် တစ်နှစ်လျင် ၁၅ လီတာခွဲမျှဖြစ်သည်။ ယင်း​သည် ဘီယာ ရ၇၅ ပိုင့်​စာနှင့်​ ညီမျှသည်။ ထို့​အပြင် ဝိုင်အပြင်း​စား​ ခွက် ၅၀၀၊​ ဝီစကီ ခွက် ၁၀၀၀ စာမျှနှင့်​လည်း​ ညီမျှသည်။

ယင်း​ပမာဏနီး​နီး​ လိုက်​သောက်နိုင်​သော နိုင်ငံများ​ဆို၍ အ​ရှေ့​ဥ​ရောပမှ ရုရှား​၊​ ခရို​အေး​ရှား​နှင့်​ အက်စ်တိုး​နီး​ယား​တို့​သာရှိသည်။ ရုရှား​များ​က တစ်နှစ်လျင် ဘီယာခွက်​ရေ ၁၃၅ဝ မျှထိ ပျမ်း​မျှအား​ဖြင့်​ ​သောက်​လေ့​ရှိပြီး​ ​ဘော့​ကာအရက်ကို သီတင်း​နှစ်ပတ်လျင် တစ်လုံး​မျှနှုန်း​ဖြင့်​ တစ်နှစ် အလုံး​ ၉၀ မျှလည်း​ ​သောက်တတ်​ကြောင်း​ သိရသည်။ ကမ္ဘာ့​မြေပုံဖြင့်​ တိုင်း​တာ​ဖော်ပြချက်အရ အရက်​သောက်မှုကို ဘာသာ​ရေး​ဖြင့်​ တား​မြစ်ထား​သည့်​ မွတ်ဆလင် နိုင်ငံများ​ဖြစ်သည့်​ အီရန်၊​ အီရတ်နှင့်​ အာဖဂန်နစ္စတန်တို့​တွင် ​သောက်စား​မှု အနည်း​ဆုံး​အဖြစ် ရပ်တည်​နေသည်။ ယင်း​နိုင်ငံများ​တွင် ပျမ်း​မျှအား​ဖြင့်​ တစ်နှစ်လုံး​မှ ဘီယာ ၂၅ ပိုင့်​မျှသာ ​သောက်ကြ​လေ့​ရှိသည်။

အရက်အမျိုး​မျိုး​ ​သောက်သုံး​မှုတွင်မူ ဗြိတိန်၏ ရပ်တည်မှုသည် ဆိုဗီယက် ပြည်​ထောင်စုမှ ကွဲထွက်လာသည့်​ အ​ရှေ့​ဥ​ရောပ နိုင်ငံများ​ထက် နိမ့်​ကျပြီး​ အဆင့်​ ၁၃ မျှသာရှိသည်။ ယခုစစ်တမ်း​ကို ကမ္ဘာ့​ကျန်း​မာ​ရေး​အဖွဲ့​ (WHO) က ၂၀၀၀ ပြည့်​နှစ်မှ ၂၀၀၅ ခုနှစ်ထိ စာရင်း​များ​ကို ​လေ့​လာကာ ထုတ်ပြန်ခဲ့​ခြင်း​ဟု သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here