ဆင်မ​​​တစ်​​ကောင်ကို အပြိုင်လု​သည့်​ ဆင်​ထီး​​​​နှစ်​ကောင် မုန်ယို​​​​​​တိုက်ခိုက်မှု​​ကြောင့်​ လူ ၂ ဦး​​​သေဆုံး​

alt

ထိုင်း​​နိုင်ငံ​တွင် ဆင်မ​တစ်​ကောင်အား​​လုရင်း​ ဆင်ထီး​​နှစ်​ကောင် မုန်ယို​တိုက်ခိုက်ရာမှ လူ ၁ ဦး​ ​သေဆုံး​သွား​ကြောင်း​ သိရသည်။ ဖူး​ခက်မြို့​ ​မြောက်ပိုင်း​ရှိ ခို​ဆော့​ အမျိုး​သား​ ဥယျာဉ်မှ မုန်ယိုမှု​အတွင်း​ ဆွစ်လူမျိုး​ အမျိုး​သမီး​ ၁ ဦး​ ​သေဆုံး​​သွား​ပြီး​၊​ ဩစ​တြေး​လျ အမျိုး​သမီး​ ၁ ဦး​နှင့်​ အခြား​ ၂ ဦး​တို့​ ဒဏ်ရာများ​ ရရှိ​သွား​ကြသည်။

ယင်း​​တို့​ကို ဖူး​ခက်ရှိ ဘန်​ကောက်​​ဆေး​ ရုံတွင် တင်ပို့​​ကုသ​​ပေး​ထား​သည်။ ဆွစ်စုံတွဲ ၁ တွဲ၊​ ဩစ​တြေး​လျ စုံတွဲ ၁ တွဲနှင့်​ အင်္ဂလိပ် စုံတွဲ ၁ တွဲတို့​သည် အ​ပျော်တမ်း​ ဆင်စီး​နေစဉ် ဆင်က မုန်ယိုရန်ပြုခဲ့​ခြင်း​ဖြစ်သည်။ အဆိုပါ​ ဆင်များ​၏ ရမ်း​ကား​မှု​ကြောင့်​ အင်္ဂလိပ် စုံတွဲအနက် ၁ ဦး​သည် နံရိုး​ ၁၂ ​ချောင်း​ကျိုး​သွား​သည်။ ဆင်၏ ရမ်း​ကား​မှုအတွင်း​ ​ကြောက်အား​လန့်​အား​ ခုန်ချခဲ့​မှုကလည်း​ ဒဏ်ရာများ​ ရရှိ​ စေခဲ့​သည်ဟု ယုံကြည်ရ​ကြောင်း​ သတင်း​များ​ကဆိုသည်။ ​ဖေ​ဖော်ဝါရီ ၂၃ ရက်​နေ့​ ဖြစ်စဉ်အတွင်း​ ဘူကီအမည်ရှိဆင်သည် ဘွတ်ဘက်အမည်ရှိဆင်အား​ တိုက်ခိုက်ခဲ့​ခြင်း​ဖြစ်သည်။ ဆင်နှစ်​ကောင်သည် နွာအိုင်ဟို အမည်​ပေး​ထား​သော ဆင်မကို ယှဉ်ပြိုင်လုရင်း​ ခိုက်ရန်ဖြစ်ပွား​ခဲ့​ခြင်း​ဟုဆိုသည်။

ဆင်မကို ထိန်း​သိမ်း​သော ဆင်ဦး​စီး​မှာမူ ၎င်း၏ဆင်ကို နိုင်နင်း​စွာ ထိန်း​ သိမ်း​နိုင်ခဲ့​သည်။ ဆင်များ​တွင် သဘာဝအား​ဖြင့်​ မုန်ယိုမှု ဖြစ်​ပေါ်တတ်ပြီး​ ယင်း​အချိန်တွင် ထိန်း​မနိုင်သိမ်း​မရ ​သောင်း​ကျန်း​လေ့​ရှိ​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here