အဝတ်မပါ​သော ဓာတ်ပုံများ​​​​ထွက်​ပေါ်​လာသဖြင့်​ နာမည်​ကျော်​​တရုတ်​​အလှမယ် ​ဝေဖန်မှုများ​​ကြံု

alt

တရုတ်နိုင်ငံမှ နာမည်​ကျော် အလှမယ်တစ်ဦး​သည် အဝတ်မပါ​သော ဓာတ်ပုံများ​ ထွက်​ပေါ်လာပြီး​နောက် ပြင်း​ပြင်း​ထန်ထန် ​ဝေဖန်မှုများ​နှင့်​ ကြံု​တွေ့​နေရသည်။ တရုတ်ကမ္ဘာ့​စူပါ​မော်ဒယ် ပြိုင်ပွဲတွင် အနိုင်ရရှိထား​သည့်​ ဂွမ်ရူမင်၏ မဖွယ်မရာ ဓာတ်ပုံများ​ ပြီး​ခဲ့​သည့်​ သီတင်း​ပတ် အနည်း​ငယ်က အင်တာနက်မှ စတင်ပျံ့​နှံ့​လာပြီး​နောက် သူမအ​နေနှင့်​ အရှက်တကွဲ ဖြစ်လာခဲ့​သည်။

စုစု​ပေါင်း​ ၆၀၀ မျှရှိသည့်​ ဓာတ်ပုံများ​တွင် အတွင်း​ခံနှင့်​ ရိုက်ထား​သော ဓာတ်ပုံများ​အပြင် အဝတ်အစား​ လုံး​ဝမပါ​သော ပုံများ​ပါ ဝင်ဝင်​နေခြင်း​ဖြစ်သည်။ ဂွမ်သည် သူမ၏ အသက်​မွေး​မှုကို ကိုယ်ဟန်ပြမယ် တစ်ဦး​အဖြစ် စတင်ခဲ့​ပြီး​ မဂ္ဂဇင်း​မျက်နှာဖုံး​ အ​တော်များ​များ​အတွက် ဓာတ်ပုံအရိုက်ခံခဲ့​ဖူး​သည်။ သူမသည် ၂၀၀၉ ခုနှစ် နိုင်ငံတကာ ​မော်​တော်ကား​ပြပွဲ အလှမယ်ဆုတွင်လည်း​ ဒုတိယရခဲ့​သည်။ ယခု အင်တာနက်တွင် ပျံ့​နှံ့​နေ​သော ဓာတ်ပုံများ​သည် သူမ တရုတ်နိုင်ငံတွင် နာမည်မကြီး​လာစဉ် နှစ်အနည်း​ငယ်က ဂျပန် သို့​မဟုတ် ထိုင်ဝမ်တို့​တွင် ရိုက်ကူး​ခဲ့​ခြင်း​ ဖြစ်ဖွယ်ရှိ​ကြောင်း​ သိရသည်။

ကာယကံရှင်ကမူ ဓာတ်ပုံများ​ ထွက်​ပေါ်လာမှုနှင့်​ ပတ်သက်၍ တစုံတရာ ​ဖြေရှင်း​ပြောဆိုမှု မပြုလုပ်​သေး​ချေ။

LEAVE A REPLY

Please enter your comment!
Please enter your name here