Apple ၏ CEO စတိ​ဂျော့​ ပင်ကရိယ​ကင်ဆာ​​ရောဂါဖြင့်​ မကြာမီ​သေဆုံး​နိုင်

alt

စတိ​ဂျော့​၏ သက်တမ်း​သည် သီတင်း​ခြောက်ပတ်မျှသာ ကျန်​တော့​ကြောင်း​ Enquirer မဂ္ဂဇင်း​က ​ဖော်ပြလိုက်သည်။ အဆိုပါ မဂ္ဂဇင်း​သည် ​ဖေ​ဖော်ဝါရီ ၈ ရက်​နေ့​က ရိုက်ကူး​ခဲ့​သည်ဆို​သော ပိန်​ရော်ညှိုး​ချံုး​နေသည့်​ ​ဂျော့​၏ပုံကို ​ဖော်ပြခဲ့​ပြီး​ Apple၏ CEO သည် ပင်ကရိယကင်ဆာ ​နောက်ဆုံး​အဆင့်​ ​ရောက်ရှိ​နေပြီဟု ​ရေး​သား​ခဲ့​သည်။

ထိုပုံများ​ကို အင်တာနက်တွင် ​ဖော်ပြခြင်း​ မရှိ​သေး​သော်လည်း​ ​ဂျော့​သည် သိသာစွာ ကိုယ်အ​လေး​ချိန် ​လျော့​ကျသွား​ပြီး​ ​ပေါင် ၁၃၀ ဝန်း​ကျင်မျှသာ ရှိနိုင်​တော့​ကြောင်း​ Enquirer က ​ရေး​သား​ဖော်ပြထား​သည်။ ​ဂျော့​သည် ၂၀၀၉ ခုနှစ်ကလည်း​ အသည်း​အစား​ထိုး​ ကုသမှု ခံယူခဲ့​ရပြီး​နောက် ယခုအခါ ကျန်း​မာ​ရေး​ကြောင့်​ ​ဆေး​ခွင့်​တင်ကာ CEO ရာထူး​မှ အနား​ယူလျက်ရှိသည်။ Apple ကို ကမ္ဘာ​ပေါ်တွင် အကြီး​မား​ဆုံး​ ကုမ္ပဏီအဖြစ် ​ရောက်ရှိ​စေခဲ့​ပြီး​ iPhone၊​ iPad နှင့်​ iPod တို့​၏ ဖခင်ဟု တင်စား​ခံရသူ ​ဂျော့​တွင် ဖြစ်ပွား​နေ​သော ပင်ကရိယ ကင်ဆာသည် အလွန်ပြင်း​ထန်ပြီး​ အသက်ရှင်သူ အလွန်နည်း​ပါး​သည်။

​ပေါင်စတာလင် ၆.၁ ဘီလျံ ကြွယ်ဝ​သော အသက် ၅၆ နှစ်အရွယ် ​ဂျော့​သည် ကယ်လီဖိုး​နီး​ယား​ရှိ စတန်း​ဖို့​ ကင်ဆာကုသ​ရေး​ ဌာနသို့​ မသွား​မီ ဇနီး​နှင့်​ နံနက်စာ စား​နေစဉ် ယခုဓာတ်ပုံကို ရိုက်ကူး​လာခြင်း​ဟု Enquirer က ​ဖော်ပြခဲ့​သည်။ ထိုဓာတ်ပုံနှင့်​ ပတ်သက်ပြီး​ Apple မှ တာဝန်ရှိသူများ​က မှတ်ချက်​ပေး​ရန် ငြင်း​ဆန်ထား​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here