​ဆော်ဒီအာ​ရေဗျတွင် ​ရေနံရင်း​မြစ်များ​ ယုတ်​လျော့​​လာဟု Wikileaks ​ဖော်ပြ

alt

ဆော်ဒီအာ​ရေဗျ နိုင်ငံသည် ​ရေနံရင်း​မြစ် သယံဇာတများ​ တစထက်တစ ယုတ်​လျော့​လာ​နေပြီဖြစ်​ကြောင်း​ Wikileaks ဝက်ဆိုက်က ​ဖော်ပြခဲ့​သည်။ ကမ္ဘာ​ပေါ်တွင် ​ရေနံထွက်ရှိမှု အများ​ဆုံး​ နိုင်ငံတစ်ခုအဖြစ် ရပ်တည်​နေ​သော်လည်း​ ၂၀၀၇ ခုနှစ်က ​ဆော်ဒီအစိုး​ရ တာဝန်ရှိသူများ​သည်

နိုင်ငံ၏ ​ရေနံရင်း​မြစ် တဖြည်း​ဖြည်း​ ယုတ်​လျော့​လာသည်ကို စတင်သတိပြုမိလာ​ကြောင်း​ နိုင်ငံတကာ အစိုး​ရ လျှို့​ဝှက်ချက်များ​ကို ​ဖော်​ကောင်လုပ်​နေသည့်​ ဝက်ဆိုက်ကဆိုသည်။ ​ဆော်ဒီမှ အာဏာပိုင်များ​က ​ရေနံပမာဏသည် မူလခန့်​မှန်း​ချက်မှာ ၄၀ ရာခိုင်နှုန်း​မျှ (သို့​မဟုတ်) ​ရေနံစည်​ပေါင်း​ ဘီလျံ ၃၀၀ စာမျှထိ ပုံကြီး​ချဲ့​ ခန့်​မှန်း​ထား​မိ​ကြောင်း​ ဝန်ခံခဲ့​သည်ဟု Wikileaksက ၂၀၀၇ ခုနှစ်က အ​မေရိကန်နှင့်​ ​ဆော်ဒီမှ ထိပ်တန်း​​တာဝန်ရှိသူများ​ ရီယက်တွင် ​တွေ့​ဆုံ​ဆွေး​နွေး​မှုဆိုင်ရာ မှတ်တမ်း​ကြေး​နန်း​များ​ကို ကိုး​ကား​ပြီး​ ​ဖော်ပြခဲ့​သည်။

​ဆော်ဒီ၏ စွမ်း​အင်ဆိုင်ရာဌာန အကြီး​အကဲ​ဟောင်း​ တစ်ဦး​ဖြစ်သူ ဆာဒက်အယ်ဟူစိန်က ​ဆော်ဒီ၏ ​ရေနံရင်း​မြစ်သည် တဖြည်း​ဖြည်း​ ယုတ်​လျော့​လာ​နေသည်ဟု အ​မေရိကန် ကိုယ်စား​လှယ်များ​အား​ ​ပြောကြား​ခဲ့​သည်ဟု သိရသည်။ ၂၀၀၇ ခုနှစ်က အယ်ဟူစိန်သည် ​ဆော်ဒီတွင် ​ရေနံစည်​ပေါင်း​ ရ၁၆ ဘီလျံစာ အပို​ဆောင်း​ပမာဏ ရှိ​နေ​ကြောင်း​နှင့်​ လာမည့်​နှစ် ၂၀ အတွင်း​ စည်​ပေါင်း​ ဘီလျံ ၉၀၀ မျှထိ ရှိနိုင်မည်ဟု ခန့်​မှန်း​ပြောကြား​ခဲ့​ဖူး​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here