အိုမင်း​မှု​မြန်ဆန်​​စေသည့်​ ရှား​ပါး​​ရောဂါ​​ခံစား​​​နေရသည့်​ အသက် ၈ နှစ်​​အရွယ် မိန်း​က​လေး

alt

အရှန်တီ၏ ဘဝမှ ​ကြေကွဲဖွယ် ​ကောင်း​လှသည်။ အသက် ၈ နှစ်သာ ရှိ​သေး​သည့်​ မိန်း​က​လေး​သည် အသက် ၈၀ အရွယ် အဖွား​အို တစ်ဦး​၏ အိုမင်း​ရင့်​ရော်မှုမျိုး​ ဖြစ်​နေ​ကြောင်း​ The Sun သတင်း​စာက ​ဖော်ပြခဲ့​သည်။ ဗြိတိန်တွင် ​နေထိုင်​သော အဆိုပါ မိန်း​က​လေး​သည် အရွယ်လွန် အိုမင်း​မှု မြန်ဆန်​စေသည့်​ ရှား​ပါး​လှ​သော ​ရောဂါတစ်မျိုး​ဖြစ်​သော Hutchinson-Gilford Progeria Syndrome (HGP) ကို ခံစား​နေရရှာသည်။

သူမသည် အလွန်ရုပ်ပိုင်း​ဆိုင်ရာ ရင့်​ရော်​နေ​သော်လည်း​ သာမန် မူလတန်း​ ​ကျောင်း​သူ​လေး​ တစ်ဦး​၏ စိတ်မျိုး​စာရှိပြီး​ သူငယ်ချင်း​များ​ရင်း​ ​ပျော်ရွှင်​နေသူဖြစ်သည်။ သူမအား​ ​မွေး​ဖွား​ပြီး​ သီတင်း​ပတ် အနည်း​ငယ်အတွင်း​ အဆိုပါ ​ရောဂါလက္ခဏာများ​ စတင်ပြသလာခြင်း​ဟု သိရသည်။ ထို​ရောဂါသည် အရှန်တီ၏ ​ခြေလက်များ​ကိုလည်း​ အား​အင်ချိနဲ့​သွား​စေခဲ့​သည်။

သနား​စရာ​ကောင်း​သော က​လေး​မ​လေး​သည် အတန်ငယ် ကွာလှမ်း​သော ​နေရာသို့​ လမ်း​လျှောက်ရုံမျှဖြင့်​ ​ခြေလက်များ​၊​ အဆစ်များ​ အလွန်နာကျင်လာသည့်​ ​ဝေဒနာကို ခံစား​ရရှာ​ကြောင်း​ The Sun က ​ဖော်ပြထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here