ထိုင်း​နိုင်ငံ​တက္ကသိုလ် ​ကျောင်း​သူများ​ ယူနီ​ဖောင်း​ ဆွဲ​ဆောင်မှု​​​အရှိဆုံး​​​​ဟုဆို

alt

ထိုင်း​နိုင်ငံရှိ တက္ကသိုလ်များ​တွင် ​ကျောင်း​သူ​လေး​များ​အတွက် သတ်မှတ်​ပေး​ထား​သည့်​ ယူနီ​ဖောင်း​သည် ကမ္ဘာ​ပေါ်တွင် ဆွဲ​ဆောင်အား​ အရှိဆုံး​ ယူနီ​ဖောင်း​ဟု Online မှ ​ကောက်ယူသည့်​ သ​ဘောထား​ စစ်တမ်း​တစ်ခုက ​ဖော်ပြခဲ့​သည်။ ဂျပန် သတင်း​ဌာနက Rocket News 24 နှင့်​ Livedoor တို့​က ​ကောက်ယူ​သော စစ်တမ်း​တွင် ထိုင်း​တက္ကသိုလ်များ​တွင် မိန်း​က​လေး​များ​ ဝတ်ဆင်သည့်​ ယူနီ​ဖောင်း​မှာ

အနက်​ရောင် စကက်အကြပ်​လေး​များ​၊​ အဖြူ​ရောင် ​ပေါ့​ပေါ့​ပါး​ပါး​ အင်္ကျီ​လေး​များ​နှင့်​ အလွန်ပနံရ လှပ​ကြောင်း​ မဲ​ပေး​သူ အများ​စုက ဆန္ဒပြုခဲ့​သည်။ ထို့​ကြောင့်​လည်း​ ထိုင်း​တက္ကသိုလ် ယူနီ​ဖောင်း​များ​က ဂျပန်အထက်တန်း​ ​ကျောင်း​သူ​လေး​များ​ ဝတ်ဆင်သည့်​ အတွန့်​ပါ စကက်​လေး​များ​၊​ သ​င်္ဘောသား​ဆန်ဆန် ဘ​လောက်အင်္ကျီ​လေး​များ​ကြောင့်​ မြူး​တူး​သွက်လက်​နေသည့်​ ဟန်ပန်ကို ဖြစ်​ပေါ်​စေ​သော ယူနီ​ဖောင်း​ထက် လူကြိုက်များ​ခဲ့​ခြင်း​ဖြစ်သည်။ သို့​သော်လည်း​ ကမ္ဘာ​ပေါ်တွင် လိင်လုပ်သား​များ​ကို ​ပေါ်​ပေါ်ထင်ထင် ​မွေး​ထုတ်မှု အများ​ဆုံး​ဖြစ်ပြီး​ ကမ္ဘာလှည့်​ ခရီး​သည်များ​ကို အဝတ်မဲ့​ ကပြ​နေသည့်​ မိန်း​က​လေး​များ​နှင့်​ ဆွဲ​ဆောင်​လေ့​ရှိ​သော ထိုင်း​နိုင်ငံ၏ လူ​နေမှုဘဝကလည်း​ ယခုစစ်တမ်း​တွင် တိုက်ရိုက်ယှက်နွယ်မှု ရှိနိုင်​ကြောင်း​ သုံး​သပ်မှုများ​ ထွက်​ပေါ်လျက်ရှိသည်။

ပုံမှန်အား​ဖြင့်​မူ ထိုင်း​နိုင်ငံတွင် ဆရာများ​က ​ကျောင်း​သူများ​အား​ ဒူး​ထိဖုံး​သော စကက်ကိုသာ ဝတ်ဆင်ရန် တိုက်တွန်း​လေ့​ ရှိသည့်​တိုင် ​ကျောင်း​သူများ​က လက်မခံဘဲ စကက်အတို​လေး​များ​ကိုသာ ဝတ်​လေ့​ရှိရာ ယင်း​သည် သမား​ရိုး​ကျ ယူနီ​ဖောင်း​သဖွယ် ဖြစ်လာခဲ့​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here