ချစ်သူ့​အနမ်း​ကို လက်ခံပြီး​နောက် ​သေဆုံး​​​​သွား​သည့်​ ဗြိတိန်​​ဆယ်​​ကျောက်​သက်​​မိန်း​က​လေး​

alt

ချစ်သူထံမှ ပထမဆုံး​ အနမ်း​ကို လက်ခံရရှိခြင်း​သည် ဗြိတိန်နိုင်ငံမှ ဆယ်​ကျော်သက် မိန်း​က​လေး​ တစ်ဦး​အတွက် ​နောက်ဆုံး​အနမ်း​လည်း​ ဖြစ်သွား​စေခဲ့​သည်။ အသက် ၁၈ နှစ်အရွယ် ဂျမ်မာဘင်ဂျမင်သည် ချစ်သူနှင့်​ နမ်း​ပြီး​ မိနစ်ပိုင်း​အတွင်း​ လဲကျကာ ​သေဆုံး​သွား​ခဲ့​သည်။

သူမ၏ ချစ်သူ အသက် ၂၁ နှစ်အရွယ် ဒင်နီရယ်​ရော့​စ်နှင့်​ ညဖက်အတူထွက်လည်ရင်း​ အနမ်း​ခြွေမိရာမှ ယခုလို ​သေဆုံး​သွား​ခြင်း​ဖြစ်သည်။ ဂျမ်မာသည် ​ဟော်ကီကစား​သမား​ တစ်ဦး​ဖြစ်​သော ​ရော့​စ်၏​ရှေ့​တွင်ပင် ဆိုဖာ​ပေါ် လဲကျသွား​ပြီး​ အသက်ပါသွား​ခြင်း​ဖြစ်သည်။ ယင်း​သို့​ဖြစ်ရခြင်း​မှာ ရုတ်တရက် နှလုံး​ခုန် ​ဖောက်ပြန်မှု လက္ခဏာ (SADS) ​ကြောင့်​ ​သေဆုံး​ခြင်း​ဟု ဆရာဝန်များ​က ​ပြောကြား​ခဲ့​သည်။ ဗြိတိန်တွင် ယင်း​အ​ခြေအ​နေ​ကြောင့်​ နှစ်စဉ် လူ ၅၀၀ နီး​ပါး​ ​သေဆုံး​လေ့​ရှိသည်။

​ရော့​စ်နှင့်​ ဂျမ်မာတို့​သည် ၃ လမျှ တွဲ​နေခဲ့​ပြီး​မှ အပြင်ထွက်လည်ရန် ချိန်း​ဆိုခဲ့​ခြင်း​ဖြစ်သည်။ ​ရော့​စ်သည် ကျန်း​မာ​ရေး​ဝန်ထမ်း​များ​ ​ရောက်မလာ​သေး​မီ ဂျမ်မာအား​ ​ရှေး​ဦး​သူနာပြုနည်း​ဖြင့်​ တတ်နိုင်သမျှ ပြုစု​ပေး​ရန် ကြိုး​စား​ခဲ့​သော်လည်း​ ၎င်း၏ အား​ထုတ်မှုမှာ အချည်း​နှီး​ ဖြစ်ခဲ့​ရ​ကြောင်း​ သတင်း​များ​က ​ဖော်ပြခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here