စမတ်ဖုန်း​​​​ရောင်း​အား​က PC ကွန်ပျူတာ​​​ရောင်း​အား​ကို ပထမဆုံး​​​​အကြိမ်​​​ကျော်တက်

alt

ပထမဆုံး​ အကြိမ်အဖြစ် စမတ်ဖုန်း​များ​ ​ရောင်း​အား​က PC ကွန်ပျူတာများ​ ​ရောင်း​အား​ကို ​ကျော်တက်သွား​ကြောင်း​ သိရသည်။ IDC သု​တေသနဌာနက ပြီး​ခဲ့​သည့်​ ၃ လအတွင်း​ တစ်ကမ္ဘာလုံး​သို့​ စမတ်ဖုန်း​များ​ တင်ပို့​ရောင်း​ချခဲ့​မှုသည် ၁၀၀.၉ သန်း​ထိ ရှိခဲ့​ရာ ယင်း​မတိုင်မီ ၁ နှစ်ကနှင့်​ နှိုင်း​ယှဉ်ပါက ၈၇ ရာခိုင်နှုန်း​ တိုး​တက်လာ​ကြောင်း​ ​ဖော်ပြခဲ့​သည်။

သို့​သော်လည်း​ ကွန်ပျူတာများ​ ​ရောင်း​ချရမှုမှာ ၃ ရာခိုင်နှုန်း​သာ တက်လာသဖြင့်​ အလုံး​ရေ ၉၂.၁ သန်း​သာ ရှိခဲ့​သည်။ IDC ၏ ​ဈေး​ကွက်​လေ့​လာသူ ​ရေမွန်လီမတ်က စမတ်ဖုန်း​နှင့်​ ကွန်ပျူတာ ဝယ်ယူသူများ​၏ အသုံး​ပြုလိုသည့်​ အဓိက ရည်ရွယ်ချက်မှာ ကွဲပြား​လေ့​ရှိ​ကြောင်း​၊​ များ​သောအား​ဖြင့်​မူ လူတစ်ဦး​စီသည် နှစ်မျိုး​လုံး​ကို အသုံး​လို​လေ့​ရှိ​ကြောင်း​ ​ပြောကြား​သွား​သည်။ အထူး​သဖြင့်​ ကွန်ပျူတာများ​သည် စာတမ်း​များ​ ​ရေး​သား​ခြင်း​၊​ ဓာတ်ပုံများ​ တည်း​ဖြတ်ပြုပြင်ခြင်း​စသည်တို့​တွင် ကွန်ပျူတာများ​သည် မရှိမဖြစ် လိုအပ်​နေဆဲဟု လီမတ်က ​ထောက်ပြခဲ့​သည်။ သို့​သော်လည်း​ Apple ၏ iPad ကဲ့​သို့​ Tablet ကွန်ပျူတာများ​၏ ​ဈေး​ကွက်ကျယ်ပြန့်​လာမှုကလည်း​ PC များ​၏ ​ရောင်း​အား​ကို ထိခိုက်မှု ဖြစ်​ပေါ်​စေခဲ့​ကြောင်း​ ၎င်းကဆိုသည်။

ထိုအချိန်တွင် အင်တာနက် သုံး​စွဲမှုကဲ့​သို့​ ကိစ္စများ​ကို အလွယ်တကူ လုပ်​ဆောင်နိုင်သလို သယ်ယူရာတွင်လည်း​ ဝန်ကျဉ်း​သည့်​အတွက် ဝယ်လိုအား​ တက်လာခြင်း​ ဖြစ်နိုင်​ကြောင်း​ ၎င်းက ဆက်လက်သုံး​သပ်ခဲ့​သည်။ သု​တေသီများ​က အနာဂတ်တွင်လည်း​ Tablet ကွန်ပျူတာများ​၏ လွှမ်း​မိုး​လာမှုသည် PC များ​၏ ရပ်တည်မှုကို ပိုမို​မှေး​မှိန်လာ​စေဖွယ် ရှိ​နေ​ကြောင်း​ ခန့်​မှန်း​ထား​ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here