ရင်သား​ကြီး​ခြင်း​နှင့်​ ပတ်သက်​သည့်​ ငယ်စဉ်က​​​​​ခံစား​မှုကို ​ကေတီပယ်ရီ​​​ဖွင့်​ဟ

alt

ရင်သား​ကြီး​ကြီး​ ရှိခြင်း​မှာ ယခုအချိန်တွင် ဆွဲ​ဆောင်မှုရှိ​သော ခန္ဓာကိုယ် အ​နေအထား​​​အဖြစ် ချီး​ကျူး​​ခံ​နေရ​သော်လည်း​ ငယ်ဘဝက​မူ ယင်း​အတွက် အ​တော်​လေး​ စိတ်ပျက်​ဝမ်း​နည်း​မိခဲ့​ကြောင်း​ ​ကေတီပယ်ရီက ​ပြောကြား​ခဲ့​သည်။ သူမ၏ ရင်သား​အလှသည် ကျက်သ​ရေရှိ​ကြောင်း​ ​ပြောဆို​နေမှုများ​ ကြား​သိရစသဖြင့်​ ​ကျေနပ်မိ​သော်လည်း​

ငယ်စဉ်​ကျောင်း​သူဘဝကမူ ထိုကိစ္စကို အတန်း​ဖော်များ​က ​လှောင်​ပြောင်ကြသဖြင့်​ ​ကျောင်း​မတက်ချင်​လောက်​အောင် ဖြစ်ခဲ့​ရ​ကြောင်း​ ပယ်ရီက ဝန်ခံခဲ့​သည်။ သူမသည် ရင်သား​ကို ​သေး​ငယ်​သွား​သည်ဟု ထင်ရ​စေရန် ကြပ်တည်း​သော အတွင်း​ခံ အဝတ်အထည်များ​ကို ​ရွေး​ချယ်ခဲ့​ရသည်ဟု ပယ်ရီက Elle မဂ္ဂဇင်း​သို့​ ​ပြောကြား​ခဲ့​သည်။

ထိုအချိန်က သူမသည် ဗြိတိသျှ နာမည်ကြီး​မော်ဒယ် ကိတ်​မော့​စ်၏ သွယ်လျလှပ​သော ခန္ဓာကိုယ် အချိုး​အဆက်မျိုး​ကို အလွန်အား​ကျပြီး​ ပိုင်ဆိုင်ချင်မိခဲ့​ကြောင်း​ ဖွင့်​ဟခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here