ငလျင်​​ဘေး​သင့်​ ​ဟေတီမှ အိုး​အိမ်​မဲ့​များ​ စု​ပေါင်း​ကာ မြို့​တည်ရန်​​စီစဉ်

alt

ငလျင်​ဘေး​သင့်​ ​ဟေတီနိုင်ငံတွင် အိုး​မဲ့​​အိမ်မဲ့​ မိသား​စုများ​ စု​ပေါင်း​ပြီး​ မြို့​တည်ရန် စီစဉ်​​နေ​ကြောင်း​ သိရသည်။ ပို့​အူပရင့်​ မြို့​တော်​အနီး​တွင် ယခုအခါ ရွာတစ်ခုကို စတည်​နေပြီး​ ကန်နန်း​ဟု အမည်​ပေး​ထား​ကြောင်း​ သိရသည်။ ယခုအခါ ရွာခံများ​သည် ၎င်းတို့​၏ စု​ပေါင်း​လုပ်အား​ဖြင့်​ ဘုရား​ကျောင်း​လေး​ တစ်ခုကို တည်​ဆောက်ထား​သလို လမ်း​များ​ပင် ​ဖောက်လုပ်​နေပြီဟု မီယာမီဟာရယ် သတင်း​စာက ​ဖော်ပြခဲ့​သည်။

ကန်နန်း​ဒေသခံများ​သည် လူ့​အဖွဲ့​အစည်း​တစ်ခုကို တည်​ဆောက်ကာ ​ရေရှည်​နေထိုင်သွား​နိုင်ရန် စီစဉ်လျက်ရှိသည်။ သို့​သော် ယခုအချိန်ထိ သန့်​ရှင်း​သော ​သောက်သုံး​ရေ ရရှိ​ရေး​မှာ အခက်အခဲတစ်ခုအဖြစ် တည်ရှိ​နေပြီး​ မကြာ​သေး​မီက လူ ၃ ဦး​ ကာလဝမ်း​ရောဂါနှင့်​ ​သေဆုံး​ခဲ့​ကြောင်း​ ကန်နန်း​အတွက် ရွက်ဖျင်တဲ ၆၅၀ လှူဒါန်း​ထား​သည့်​ ချီလီ NGO အဖွဲ့​တစ်ခုမှ ဆီဘက်စတီယန် စမတ်က ​ပြောကြား​ခဲ့​သည်။ ၂၀၁၀ ပြည့်​နှစ် ဇန်နဝါရီလက ပို့​အူပရင့်​ကို ဦး​တည်လှုပ်ရှား​သွား​သည့်​ ငလျင်ကြီး​ကြောင့်​ ​ဟေတီတွင် လူ​ပေါင်း​ ၃၀၀၀၀၀ ဝန်း​ကျင်မျှ ​သေဆုံး​ခဲ့​ရသည်။

ကန်နန်း​မှ ​ဒေသခံ တစ်ဦး​ဖြစ်​သော ဗယ်ဆမ်ဆွန်က မိမိ​တို့​အတွက် အစိုး​ရထံမှ​ရော အခြား​သော အဖွဲ့​အစည်း​များ​​ထံမှပါ အကူအညီများ​ ​ရောက်မလာခဲ့​ကြောင်း​၊​ သို့​အတွက် ကိုယ့်​အား​ကိုယ်ကိုး​မှုက အ​ရေး​အကြီး​ဆုံး​ဖြစ်​ကြောင်း​ ခံယူကာ ဘဝတူများ​ စည်း​လုံး​စွာဖြင့်​ ယခုကဲ့​သို့​ မြို့​တည်ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here