​ဗီယက်နမ်တွင် သတင်း​ထောက်​တစ်ဦး​အား​ ဇနီး​​ဖြစ်သူက မီး​ရှို့​​သတ်ဖြတ်

alt

ဗီယက်နမ်နိုင်ငံတွင် သတင်း​ထောက်​တစ်ဦး​အား​ မီး​ရှို့​သတ်ခဲ့​သည့်​ သတင်း​ထောက်၏ ဇနီး​အား​ ရဲတပ်ဖွဲ့​က ဖမ်း​ဆီး​​ထား​လိုက်​ကြောင်း​ သိရသည်။ အသက် ၅၁ နှစ်ရှိ သတင်း​ထောက် လီဟွမ်​ဟောင်မှာ ​ငေါ့​လို​ဒေါင် သတင်း​စာအတွက် အလုပ်လုပ်​ပေး​သူဖြစ်ပြီး​ ယခုအခါ မီး​လောင်​ဒဏ်ရာများ​ကြောင့်​ ကွယ်လွန်​သွား​ပြီဖြစ်သည်။

ရဲများ​က လီ၏ ဇနီး​ဖြစ်သူ အသက် ၄၀ အရွယ် ထရန်သိုင်လျူကို ဖမ်း​ဆီး​ထား​ လိုက်ပြီး​ သူမသည် ခင်ပွန်း​ဖြစ်သူနှင့်​ ​ငွေ​ရေး​ကြေး​ရေး​ စကား​များ​ရာမှ ယခုကဲ့​သို့​ အသက်​သေ​အောင် ကြံစည်ခဲ့​ခြင်း​ဟု စွပ်စွဲခံ​နေရသည်။ ရဲမှူး​ကြီး​ ဖမ်ဗန်တီအန်း​က လွန်အန်ခရိုင်တွင် ဖြစ်ပွား​ခဲ့​သော လူသတ်မှု​အတွက် ​သေသူ၏ ဇနီး​ကို ဖမ်း​ဆီး​ထား​ကြောင်း​ အတည်ပြုခဲ့​သည်။ လီသည် ယခင်ကတည်း​က ​ငွေ​ကြေး​ခဝါချမှုနှင့်​ ပတ်သက်ပြီး​ မရိုး​သား​သော လုပ်​ဆောင်ချက်များ​ကြောင့်​ စုံစမ်း​စစ်​ဆေး​မှု ခံခဲ့​ ရဖူး​သည်။ ၎င်းသည် အိပ်​ပျော်​​နေစဉ် ဇန်နဝါရီလ ၁၉ ရက်​နေ့​က ဓာတ်ဆီ​လောင်း​ မီး​ရှို့​ခံခဲ့​ရခြင်း​ဖြစ်သည်။ လီမှာ ၁၀ ရက်ကြာ အသက်ရှင်ခဲ့​သော်လည်း​ ဇန်နဝါရီ ၂၉ ရက်​နေ့​တွင် ကွယ်လွန်ခဲ့​သည်။ ၎င်း၏ ခန္ဓာကိုယ် ၂၀ ရာခိုင်နှုန်း​သည် လုံး​ဝ​မီး​လောင်ကျွမ်း​​နေပြီဖြစ်သည်။

ထရန်သည် ​လောင်း​ကစား​ကြွေး​များ​ တင်​နေခြင်း​အတွက် ခင်ပွန်း​သည်ထံမှ ​ငွေ​တောင်း​ရာ မရသဖြင့်​ ​ဒေါသအ​လျောက် ကြံစည်ခဲ့​ခြင်း​ဖြစ်​ ကြောင်း​ ဝန်ခံထွက်ဆိုထား​သည်။ သူမက ခင်ပွန်း​အား​ မီး​ရှို့​လိုက်ချိန်တွင် လီသည် ​သွေး​ရူး​သွေး​တန်း​ဖြစ်ကာ တံခါး​ကို ကိုယ်​စောင်း​ဖြင့်​တိုက်ပြီး​ အခန်း​အပြင် ထွက်​ပြေး​သွား​ခဲ့​သည်။ လီအား​ အိမ်နီး​ချင်း​ များ​က ​ရေဖြင့်​ဝိုင်း​ပက်ပြီး​ မီး​ငြှိမ်း​ပေး​ခဲ့​သော်လည်း​ ဒဏ်ရာပြင်း​ထန်လွန်း​သော​ကြောင့်​ ​သေဆုံး​ခဲ့​ခြင်း​ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here