မ​လေး​ရှား​အ​ခြေစိုက် ဟွန်ဒါစက်ရုံထုတ် ​မော်​တော်ကား​များ​ ပြန်လည်​သိမ်း​ဆည်း​

alt

မ​လေး​ရှား​နိုင်ငံ အ​ခြေစိုက် ဟွန်ဒါစက်ရုံခွဲသည် City 2009 ​မော်ဒယ်ကား​ ၂၁၉၅၆ စင်း​နှင့်​ Jazz 2009 ၁၆၈၀ စင်း​တို့​ကို ပြန်လည်သိမ်း​ယူခဲ့​ကြောင်း​ သိရသည်။ Honda က အင်ဂျင်အစိတ်အပိုင်း​ တစ်ခုတွင် နည်း​ပညာပိုင်း​ မှား​ယွင်း​မှု ရှိသဖြင့်​ ပြန်လည်ပြင်ဆင်​ပေး​ရန် သိမ်း​ယူခြင်း​ဟု ​ဖေ​ဖော်ဝါရီ ၁၇ ရက်​နေ့​က ​ကြေညာခဲ့​သည်။

အင်ဂျင်တွင် ပါဝင်​နေသည့်​ ​ရောကာတံများ​သည် သမား​ရိုး​ကျ အင်ဂျင်များ​အတွက် အဆင်​ပြေ​သော်လည်း​ Honda ကား​များ​တွင် ​ကွေး​ခြင်း​၊​ ကျိုး​ခြင်း​များ​ ဖြစ်တတ်​သော​ကြောင့်​ ပြန်လည်ပြင်ဆင်​ပေး​ရန် စီစဉ်ခဲ့​ခြင်း​ဟု မ​လေး​ရှား​ Honda ၏ စီမံဒါရိုက်တာ ယွိုင်ချိုင်ရို အီနိုက ​ပြောကြား​ခဲ့​သည်။

၎င်းက ကုမ္ပဏီအ​နေနှင့်​ အပိုပစ္စည်း​များ​ကို အရန်သင့်​ စု​ဆောင်း​စီမံထား​ပြီး​ ကား​များ​ကို ပိုင်ရှင်များ​လက်သို့​ အလျင်အမြန် ပြန်အပ်နိုင်ရန် လုပ်​ဆောင်သွား​မည်ဟုလည်း​ ကတိပြု ​ ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here