AIDS သတိ​ပေး​​​နှိုး​ဆော်သည့်​ TV အစီအစဉ်​သို့​ ကွန်ဒုံး​​​​ဝတ်စုံဖြင့်​ ​လေဒီဂါဂါ​​​တက်​ရောက်

alt

AIDS ​ရောဂါ အန္တရာယ် သတိ​ပေး​ နှိုး​ဆော်သည့်​ TV အစီအစဉ် တစ်ခုသို့​ ​လေဒီဂါဂါတစ်​ယောက် ကွန်ဒုံး​ဝတ်စုံဖြင့်​ တက်​ရောက်ခဲ့​ကြောင်း​ သိရသည်။ ဒီဇိုင်း​ဖက်ရှင် အဆန်း​များ​ ထွင်လွန်း​သဖြင့်​ နာမည်​ကျော်​သော Pop အဆို​တော်သည် အသား​ရောင် ​ရော်ဘာသား​ ဝတ်စုံကို ကွန်ဒုံး​ပုံစံ ချုပ်လုပ်ဝတ်စုံကာ U.S.TV ၏ အစီအစဉ်သို့​ တက်​ရောက်လာခဲ့​သည်။

သူမသည် အနက်​ရောင် မျက်နှာဖုံး​ငယ် တစ်ခုကို အပြား​ကြီး​ကြီး​ အဖြူ​ရောင် ဦး​ထုပ်နှင့်​ တွဲဖက်ဝတ်ဆင်လာခဲ့​သေး​သည်။ ​ဖေ​ဖော်ဝါရီလ ၁၃ ရက်​နေ့​ကလည်း​ ဂြိုဟ်သား​ဆန်ဆန် မျက်နှာခြယ်သမှုများ​ဖြင့်​ ဂရမ်မီဆု​ပေး​ပွဲ တက်ခဲ့​သေး​သော Paparazzi စတား​ ဂါဂါက သူမသည် လုံခြံု​ဘေး​ကင်း​သည့်​ လိင်​ဆက်ဆံမှုကို ပြုလုပ်ရန် တိုက်တွန်း​​လိုသည့်​ ရည်ရွယ်ချက်ဖြင့်​ ယခု​ဝတ်စုံကို ဖန်တီး​ခဲ့​ကြောင်း​ ​ဖေ​ဖော်ဝါရီလ ၁၇ ရက်​နေ့​ အစီအစဉ်တွင် ​ ပြောကြား​သွား​သည်။ သူမက မိဘများ​​အ​နေနှင့်​ က​လေး​များ​ကို ငယ်ရွယ်စဉ်​ကတည်း​က HIV နှင့်​ AIDS ၏ အန္တရာယ်ကို ပွင့်​ပွင့်​​လင်း​လင်း​ အသိ​ပေး​ထား​သင့်​ကြောင်း​ တိုက်တွန်း​ခဲ့​သည်။

ဂါဂါသည် ယခင်ကလည်း​ အသား​ပြား​များ​ကို အလွှာလိုက် ဝတ်စုံအဖြစ် ချုပ်ဝတ်ခဲ့​သဖြင့်​ လူ​ပြောများ​ခဲ့​ဖူး​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here