Facebook နှင့်​ ပူး​ပေါင်း​လိုက်ခြင်း​ကြောင့်​ Zynga ဂိမ်း​​ကုမ္ပဏီ အမြတ်အစွန်း​များ​​​ရရှိ

alt

ဂိမ်း​ကုမ္ပဏီ Zynga အတွက် Facebook နှင့်​ ပူး​ပေါင်း​လုပ်ကိုင်ခြင်း​သည် အမှန်ကန်ဆုံး​ ဆုံး​ဖြတ်ချက်တစ်ခု ဖြစ်​စေခဲ့​သည်။ ၎င်းတို့​သည် Facebook တွင် Online ဂိမ်း​ အများ​အပြား​ ထည့်​သွင်း​ထား​ရာ နာမည်​ကျော် FarmVille ဂိမ်း​ကြောင့်​ ကြီး​ကြီး​မား​မား​ ​ငွေ​ကြေး​မြတ်စွန်း​နေပြီဖြစ်သည်။

Facebook နှင့်​ Apple တို့​နှင့်​ လက်တွဲလုပ်​ဆောင်​နေ​သော Zynga သည် လယ်ယာစိုက်ပျိုး​ရေး​ Farm Ville ဂိမ်း​ အတွက် Virtual ပစ္စည်း​လေး​များ​ ဂိမ်း​အတွင်း​ ​ရောင်း​ချရာမှာ ​ပေါင်စတာလင် ၅.၆ ဘီလျံထိ ရရှိခဲ့​ကြောင်း​ သိရသည်။ City Ville ကဲ့​သို့​ ဂိမ်း​များ​ကိုလည်း​ ထုတ်လုပ်​နေ​သော Zynga သည် Online ဂိမ်း​ လောကတွင် ​အောင်မြင်မှုများ​ ရရှိ​နေပြီး​နောက် ဝန်ထမ်း​အင်အား​ကို ၁၅၀၀ မျှထိ တိုး​မြှင့်​လုပ်ကိုင်​နေပြီဖြစ်သည်။ ၁၉၉၉ ခုနှစ်က စတင်တည်​ထောင်ခဲ့​သော နည်း​ပညာ ကုမ္ပဏီသည် ၎င်းတို့​၏ ဂိမ်း​များ​တွင် အခမဲ့​ ဝင်​ရောက်ကစား​ရန် ပရိသတ်များ​စွာကို ဆွဲ​ဆောင်နိုင်ခဲ့​ပြီး​နောက် ၎င်းတို့​အား​ Virtual ပစ္စည်း​များ​ ပြန်လည်​​ရောင်း​ချကာ ဝင်​ငွေမြင့်​မား​စွာ ရရှိခဲ့​သည်။

ယခင်က ​လေ့​လာသူ အချို့​သည် Online ဂိမ်း​ များ​မှာ စွဲလန်း​နှစ်သက်စွာ ကစား​နေသူများ​၏ အိတ်ထဲမှ ​ငွေ​ကြေး​ကို လက်လျှိုရယူ​နေခြင်း​ဖြစ်​ကြောင်း​ ​ဝေဖန်မှုများ​ ပြုလုပ်ခဲ့​ဖူး​သေး​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here