Facebook ကို အသုံး​ချကာ က​လေး​ငယ်များ​အား​ လိင်​ပိုင်း​​ဆိုင်ရာ ကျူး​လွန်​​နေသည့်​​ဂိုဏ်း

alt

Facebook ကို ​ထောင်​ချောက်အဖြစ် အသုံး​ပြုကာ က​လေး​များ​ကို ပစ်မှတ်ထား​နေသည့်​ လိင်ပိုင်း​ဆိုင်ရာ ကျူး​လွန်မှုများ​ ပြု​နေသည့်​ ဂိုဏ်း​တစ်ခု ဗြိတိန်တွင် ရှိ​နေ​ကြောင်း​ သိရသည်။ ယင်း​တို့​သည် အသက် ၁၂ နှစ်နှင့်​ ၁၅ နှစ်ကြား​ အရွယ်များ​ကို အဓိက ဦး​တည်​လေ့​ရှိ​ကြောင်း​ ဗြိတိန်ရဲများ​ကဆိုသည်။

Daily Mail သတင်း​စာက ယင်း​အဖွဲ့​သည် Facebookမှတဆင့်​ ၎င်းတို့​၏ သား​ကောင်များ​ကို ချဉ်း​ ကပ်ကာ ခင်မင်မှု ရယူပြီး​နောက် ယင်း​တို့​၏ အိမ်များ​သို့​ သွား​ရောက်လည်ပတ်ကာ က​လေး​များ​ကို အရက်​သေစာနှင့်​ မူး​ယစ်​ဆေး​ဝါး​များ​ တိုက်​ကျွေး​လေ့​ရှိသည်။ ထို့​နောက် က​လေး​များ​ကို လိင်ပိုင်း​ဆိုင်ရာ ​ စော်ကား​မှုများ​၊​ မုဒိမ်း​ကျင့်​မှုများ​ ပြုလုပ်​လေ့​ရှိ​ကြောင်း​ သိရသည်။ ယခုအခါ ရဲများ​သည် ဗြိတိန်ရှိ ​ကျောင်း​သား​မိဘ ၁၆ဝဝဝ ​ကျော်တို့​အား​ ယင်း​ကာမမုဆိုး​ဂိုဏ်း​အ​ကြောင်း​ သတိ​ပေး​ email များ​ ​ပေး​ပို့​ ထား​သည်။ ရဲများ​က အနည်း​ဆုံး​ ​ကျောင်း​သား​အရွယ် ၂၀ မှာ ယင်း​ဂိုဏ်း​၏ သား​ကောင်ဘဝ ​ရောက်ခဲ့​ပြီး​ ခန့်​မှန်း​ပမာဏသည် ၅၀ ဝန်း​ကျင်ထိလည်း​ ​ရောက်ရှိလာနိုင်​ကြောင်း​လည်း​ ​ပြောကြား​ထား​သည်။

အသက် ၁၃ နှစ်အရွယ် မိန်း​က​လေး​ တစ်ဦး​၏ မိခင်က သူမ၏ သမီး​ကို Facebook မှ လူစိမ်း​များ​ကို မိမိ၏ ​နေရပ်အား​ လုံး​ဝမ​ပြောရန် မှာထား​ကြောင်း​ ​ပြောဆိုခဲ့​သည်။ ရဲတပ်ဖွဲ့​သည် ​တော်​ကွေး​၊​ ပီဂန်တန်နှင့်​ တိန်း​ဘရစ်တို့​ရှိ ​ကျောင်း​များ​မှ ​ကျောင်း​သား​မိဘအချို့​ထံ သတိ​ပေး​ email များ​ ​ပေး​ပို့​ခဲ့​ခြင်း​ဖြစ်သည်။ ယခုဂိုဏ်း​နှင့်​ ပတ်သက်​နေသည်ဟု ယူဆရသူ ၁၉ နှစ်အရွယ် အမျိုး​သား​ တစ်ဦး​ကိုလည်း​ ရဲများ​က ဖမ်း​ဆီး​ထား​ကြောင်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here