ဗြိတိန်​စုံတွဲများ​ ကွာရှင်း​​ပြတ်စဲမှု အနည်း​ဆုံး​ဖြစ်လာ

alt

ဗြိတိန်တွင် နှစ်​ပေါင်း​​များ​စွာ​အတွင်း​ ကွာရှင်း​ပြတ်စဲမှု ပမာဏ အနိမ့်​ဆုံး​​အဆင့်​ထိ ကျဆင်း​​လာ​ကြောင်း​ သိရသည်။ တရား​ဝင် ​ကောက်ခံ​သော စစ်တမ်း​များ​အရ ၂၀၁၀ ပြည့်​နှစ်​အတွင်း​ စုစု​ပေါင်း​ ကွာရှင်း​မှု ၁၁၃၉၄၉ မှုသာ ရှိခဲ့​ရာ ၃၅ နှစ်​အတွင်း​ အနည်း​ဆုံး​ ဖြစ်လာခဲ့​ကြောင်း​ ​ဖော်ထုတ်​​တွေ့​ရှိခဲ့​သည်။

ယင်း​သည် နိုင်ငံ​စီး​ပွား​ရေး​ ကျဆင်း​မှု​ကြောင့်​ ကွာရှင်း​လိုသည့်​တိုင် စုံတွဲများ​သည် တစ်ဦး​တည်း​ ဝင်​ ငွေဖြင့်​ မရပ်တည်နိုင်​သော​ကြောင့်​ ဆက်လက်​ပေါင်း​သင်း​ ​နေမှုများ​နှင့်​လည်း​ ဆက်စပ်​နေ​ကြောင်း​ ​လေ့​လာသူများ​က ​ပြောကြား​ခဲ့​သည်။ ထို့​အပြင် အိမ်​ဈေး​များ​ ကျဆင်း​လာခြင်း​ကလည်း​ အဆင်မ​ပြေ​သော စုံတွဲများ​ အိမ်​ရောင်း​ပြီး​ ပိုင်ဆိုင်မှု ခွဲ​ဝေရန်ကိစ္စကို ​တွေ​ဝေ​နှောင့်​နှေး​ ​စေသဖြင့်​ ကွာရှင်း​ပြတ်စဲမှု ယုတ်​လျော့​လာခြင်း​ဟု မိသား​စုဆိုင်ရာ ဥပ​ဒေ ကျွမ်း​ကျင်သူ ​ဂျေး​ဂိုး​မင်း​က ​ပြောကြား​​သွား​သည်။ သို့​ သော်လည်း​ တရား​ဝင် ကွာရှင်း​မှု မပြုသည့်​တိုင် ဗြိတိန်တွင် နှစ်စဉ် က​လေး​ ၁၀၀၀၀၀ ​ကျော်မျှသည် ၎င်းတို့​၏ မိဘများ​ တကွဲတပြား​စီ ​နေထိုင်ရန် ဆုံး​ဖြတ်မှုနှင့်​ ကြံု​နေရဆဲဖြစ်သည်။

ယခု​ထုတ်ပြန်​သော စစ်တမ်း​ကို အင်္ဂလန်နှင့်​ ​ဝေလ​တို့​တွင် အဓိက ​ကောက်ခံခဲ့​ခြင်း​ဖြစ်ပြီး​ မိဘနှစ်ပါး​ ကွာရှင်း​ပြတ်စဲမှုနှင့်​ ကြံုရသည့်​ က​လေး​များ​သည် အတန်း​ထဲတွင် ပညာ​ရေး​ ညံ့​ဖျင်း​သလို ကျန်း​မာ​ရေး​ဆုတ်ယုတ်မှုလည်း​ ဖြစ်တတ်​ကြောင်း​၊​ မိဘ​အုပ်ထိန်း​မှု ချို့​တဲ့​သဖြင့်​ ငယ်ငယ်​ရွယ်ရွယ်နှင့်​ မူး​ယစ်​ဆေး​စွဲခြင်း​၊​ ကိုယ်ဝန်​ရခြင်း​များ​လည်း​ ကြံုရ​လေ့​ရှိ​ကြောင်း​လည်း​ စစ်တမ်း​တွင် ​ဖော်ပြထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here