ဆိုဒါကို ​နေ့​စဉ်​​​သောက်​သုံး​ခြင်း​က ​လေဖြတ်မှု​ဖြစ်နိုင်​​​ခြေမြင့်​​​တက်​စေနိုင်

alt

ဆိုဒါကို ​နေ့​စဉ်ရက်ဆက် ​သောက်သုံး​ခြင်း​သည် ​လေဖြတ်မှု ဖြစ်နိုင်​ခြေ မြင့်​တက်လာနိုင်သည်ဟု ယူဆရ​ကြောင်း​ သု​တေသီများ​က သတိ​ပေး​ ​ပြောကြား​လိုက်သည်။ အရက်တွင် ​နေ့​စဉ်ဆိုဒါထည့်​ သောက်သူများ​သည် ကယ်လိုရီ တက်မှုကို ​လျှော့​ချ​ပေး​နိုင်​သော်လည်း​ ​လေဖြတ်နိုင်သည့်​ အ​နေအထားနှ​င့်​ ပိုမိုနီး​စပ်လာတတ်​ကြောင်း​ အ​မေရိကန်နိုင်ငံ မီယာမီ​ဆေး​တက္ကသိုလ်မှ ​ဒေါက်တာ ဟာနာဂါဒါနာက ​ပြောကြား​ခဲ့​သည်။

​ဖေ​ဖော်ဝါရီလ ၉ ရက်​နေ့​ နိုင်ငံတကာ ​လေဖြတ်ခြင်း​ ​ဆေး​ပညာ ကွန်ဖရင့်​ကို ​လော့​စ်အိန်ဂျယ်လိစ်တွင် ကျင်း​ပရာ ​ဒေါက်တာဟာနာက ယခုလို ​ပြောကြား​ခဲ့​ခြင်း​ ဖြစ်သည်။ အ​မေရိကန်တွင် နှစ်စဉ် လူ​ပေါင်း​ ၁၃၇၀၀၀ ဝန်း​ကျင်မျှ ​လေဖြတ်ပြီး​ ​သေဆုံး​လေ့​ရှိသည်။ ဆိုဒါစွဲမြဲစွာ ​သောက်​လေ့​ရှိသည့်​ လူ​ပေါင်း​ ၂၅၆၄ ဦး​၏ ကျန်း​မာ​ရေး​ မှတ်တမ်း​များ​ကို ​လေ့​လာခဲ့​ရာ ရုတ်တရက် ​သွေး​တိုး​ခြင်း​ကဲ့​သို့​ ကျန်း​မာ​ရေး​ ​ဖောက်ပြန်မှုများ​ ဖြစ်​ပေါ်နိုင်​ခြေသည် သာမန်ထက် မြင့်​တက်​နေ​ကြောင်း​ ​ဒေါက်တာဟာနာကဆိုသည်။ ဆိုဒါ၏ သက်​ရောက်မှုသည် ​သွေး​ကြောများ​တွင် ထိခိုက်မှု ဖြစ်နိုင်​ခြေမှာ သာမန်ထက် ၆၁ ရာခိုင်နှုန်း​မျှ ပိုများ​နေပြီး​ ယင်း​သည် ရုတ်တရက် ​လေဖြတ်ခြင်း​ကို ဦး​တည်သွား​စေနိုင်​ကြောင်း​ ယင်း​က ရှင်း​ပြခဲ့​သည်။

အ​မေရိကန် ကျန်း​မာ​ရေး​အဖွဲ့​က ဆား​ ဓာတ်ပါ​သော ဆိုဒါကို တစ်​နေ့​လျင် ၁၅၀၀ မီလီဂရမ်ထက် ပိုမ​သောက်သုံး​သင့်​ကြောင်း​ အကြံပြုထား​သည်။ အ​မေရိကန် အစား​အ​သောက်ဆိုင်ရာ အကြံပြုညွှန်ကြား​ချက် အဖွဲ့​ကမူ ၂၃၀၀ မီလီဂရမ်​ အောက်သာ ​သောက်သုံး​သင့်​ကြောင်း​ ​ပြောကြား​ထား​သည်။ ယင်း​ထက်ပိုပါက ​သွေး​တိုး​ခြင်း​နှင့်​ ​ကျောက်ကပ်​ရောဂါများ​ ဖြစ်လာနိုင်​ကြောင်း​လည်း​ ပညာရှင်များ​က သတိ​ပေး​ထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here