​အောင်မြင်​သော အမျိုး​သား​​များ​​၏ ​အောင်မြင်ခြင်း​​​​လျှို့​ဝှက်ချက်

alt

အောင်မြင်မှု ရရှိ​နေ​သော အမျိုး​သား​ အများ​စု​အတွက် ​အောင်မြင်ခြင်း​ လျှို့​ဝှက်ချက်မှာ အ​ကောင်း​ဆုံး​ ဇနီး​သည် တစ်ဦး​အား​ ပိုင်ဆိုင်​ခွင့်​ ရရှိ​နေခြင်း​​ပင်ဖြစ်​ကြောင်း​ စိတ်ပညာရှင်များ​က ​ပြောကြား​ လိုက်သည်။ ​အောင်မြင်​နေသူများ​တွင် အခက်ခဲဆုံး​ အချိန်များ​အတွင်း​ နံ​ဘေး​တွင် အမြဲအား​ပေး​ပြီး​ ခင်ပွန်း​သည်၏ ကိစ္စများ​တွင် ဝင်​ရောက်လွှမ်း​မိုး​ စွက်ဖက်မှု မပြုသည့်​ ဇနီး​များ​ ရှိ​နေတတ်​ကြောင်း​ ​လေ့​ လာမှု စစ်တမ်း​များ​က ​ဖော်ပြခဲ့​သည်။

ဇနီး​ကောင်း​များ​သည် ခင်ပွန်း​သည်တို့​၏ နိုင်ငံ​ရေး​၊​ လူမှု​ရေး​၊​ စီး​ပွား​ရေး​ ​အောင်မြင်မှုများ​ ရရှိ​စေရန် အဓိက အကျဆုံး​ ​ထောက်တိုင်များ​ ဖြစ်​နေ​တတ်သည်ဟု အ​ မေရိကန်ထုတ် စိတ်ပညာ ​ဆေး​​ဂျာနယ်တွင် ​ရေး​သား​ထား​သည်။ သု​တေသီ ဂရင်နီ ဖစ်ဇီမွန်နီနှင့်​ အယ်လီဖင်ကယ်တို့​က အမျိုး​သမီး​များ​၏ ကဏ္ဍသည် ယင်း​တို့​၏ ပါရမီ ဖြည့်​ဖက်များ​အ​ပေါ် များ​စွာ သက်​ ရောက်မှုရှိ​ကြောင်း​ ရှင်း​ပြခဲ့​သည်။

ယခုစစ်တမ်း​အတွက် လူ​ပေါင်း​ ၂၁၆ ဦး​၏ ၎င်းတို့​၏ ချစ်ဇနီး​များ​က ဘဝတွင် မည်သို့​​မည်ပုံ အ​ရေး​ပါသည်ဆို​သော သ​ဘောထား​ကို ​ကောက်ခံကာ ​ကောက်ချက်ဆွဲ ​ဖော်ပြခဲ့​ ခြင်း​​ဖြစ်​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here