သုက်ပိုး​​လှုပြီး​ ​ငွေရှာ​​နိုင်သည့်​ တရုတ်​​​ကျောင်း​သား​များ​

alt

တရုတ်နိုင်ငံမှ ​ကျောင်း​သား​များ​အ​နေနှင့်​ သုက်ပိုး​လှူပြီး​ ​ငွေရှာနိုင်သည့်​ အခွင့်​အလမ်း​မျိုး​ ရ​နေ​ကြောင်း​ သိရသည်။ တရုတ်နိုင်ငံရှိ မြို့​ကြီး​များ​တွင် ​နေထိုင်​သော စုံတွဲများ​အနက် ၁ဝ ရာခိုင်နှုန်း​မျှသည် သား​သမီး​ မရနိုင်သည့်​ အ​ခြေအ​နေနှင့်​ ကြံု​နေရသည်။

ဂွမ်​ဒေါင်း​ရှိ ငယ်ရွယ်ကျန်း​မာ​သော ​ကျောင်း​သား​လေး​များ​သည် ယင်း​​အ​ခြေအ​နေ​အတွက် အ​ဖြေတစ်ခုအဖြစ် တရုတ်​ကျန်း​မာ​ရေး​ ဝန်ကြီး​ဌာနက ယုံကြည်ထား​သည်။ ကျန်း​မာ​ရေး​ ဝန်ကြီး​​ဌာနက အသက် ၂၂ နှစ်မှ ၄၅ နှစ်ကြား​ ကျန်း​မာ​ရေး​ ​ကောင်း​မွန်သူများ​အား​ တစ်သက်တာတွင် သုက်ပိုး​​တစ်ကြိမ် လှူဒါန်း​ရန် ခွင့်​ပြုထား​သည်။ သို့​သော် ယင်း​ လူစာရင်း​တွင် နိုင်ငံခြား​သား​များ​နှင့်​ လိင်တူဆက်ဆံသူ Gay များ​ မပါဝင်​ချေ။ ​ရောဂါကင်း​စင်ပြီး​ ပြည့်​စုံ​ကောင်း​မွန်​သော သုက်ပိုး​​လှူဒါန်း​ထား​သူသည် ၎င်း၏ သုက်ပိုး​အား​ က​လေး​လိုချင်​သော စုံတွဲတစ်တွဲအတွက် အသုံး​ပြုပြီး​ချိန်တွင် ​ထောက်ပံ့​ကြေး​ ယွမ် ၃၀၀၀ ​ပေး​အပ်သွား​မည်ဟု ဂွမ်​ဒေါင်း​ သုက်ပိုး​ဘဏ်မှ တာဝန်ရှိသူများ​က ​ပြောကြား​ခဲ့​သည်။

ယခုလုပ်ရပ်သည် သုက်ပိုး​ကို ​ရောင်း​စား​ခြင်း​ဟု သတ်မှတ်ရန် မသင့်​ကြောင်း​၊​ မိမိတို့​သည် အစား​အ​သောက်နှင့်​ ခရီး​စရိတ်တို့​အတွက် ရည်ရွယ်​ထောက်ပံ့​မှု ပြုလုပ်​ပေး​သည့်​ သ​ဘောမျိုး​သာဖြစ်​ကြောင်း​ တာဝန်ရှိသူများ​က ​ပြောကြား​ခဲ့​သည်။ ဂွမ်​ဒေါင်း​ရှိ သုက်ပိုး​ဘဏ် ၁၀ ခုတို့​တွင် ပြီး​ခဲ့​သည့်​နှစ်က စုစု​ပေါင်း​ သုက်ပိုး​လှူဒါန်း​သူ ၉၀၀ ​ကျော်ထိ ရှိလာပြီး​ ယင်း​မတိုင်မီ နှစ်ကထက် နှစ်ဆပိုများ​လာခြင်း​ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here