နိုင်ငံ၏ဂုဏ်​ဆောင်မြင်း​များ​​အတွက် အလှပြပြိုင်ပွဲ​ကျင်း​ပရန် တာမင်နစ်စတန်​သမ္မတ အမိန့်​ထုတ်

alt

တာမင်နစ်စတန် သမ္မတက ၎င်းတို့​နိုင်ငံ၏ဂုဏ်​ဆောင် မြင်း​များ​အတွက် အလှပြ ပြိုင်ပွဲတစ်ခု ကျင်း​ပ​ပေး​ရန် အမိန့်​ထုတ်ခဲ့​ကြောင်း​ သိရသည်။ အလက်ဇန်း​ဒါး​သည်​ဂရိတ် ကိုယ်တိုင်က တာမင်နစ်စတန် မြင်း​များ​၏ မြန်နှုန်း​၊​ သက်လုံနှင့်​ ခွန်အား​တို့​​အ​ပေါ် ချီး​ကျူး​​ပြောဆိုခဲ့​ဖူး​ရာ ကိုယ်တိုင်က မြင်း​ဝါသနာအိုး​ တစ်ဦး​ဖြစ်​သော

သမ္မတက ၎င်းတို့​နိုင်ငံ၏ သဘာဝ ရတနာတစ်မျိုး​ဖြစ်​သော မြင်း​များ​အတွက် ထူး​ခြား​သည့်​ တင်ဆက်မှုတစ်ခု ပြုလုပ်ရန် စိတ်ဝင်စား​လာခြင်း​ဖြစ်သည်။ သမ္မတ ကာဘန်ဂူလီ ဘာဒိုင်မူခါမီ​ဒေါ့​က ဧပြီလအတွင်း​ ​ရှေး​ဟောင်း​ အာခယ်တီကီမျိုး​စိတ် မြင်း​များ​အတွက် အလှပြပြိုင်ပွဲတစ်ခု ပြုလုပ်ရန် အမိန့်​ပေး​ခဲ့​ခြင်း​ဖြစ်သည်။ ယင်း​ပြိုင်ပွဲတွင် အနိုင်ရရှိ​သော မြင်း​များ​ကို ထိုက်ထိုက်တန်တန် ဆုချီး​မြှင့်​သွား​မည်ဟုလည်း​ သမ္မတက ကတိပြုထား​သည်။ တာမင်နစ်စတန်သည် ယခင်က ဆိုဗီယက် ပြည်​ထောင်စု၏ ပြည်နယ်တစ်ခုဖြစ်ခဲ့​ပြီး​ အာရှတိုက် အလယ်ပိုင်း​တွင် တည်ရှိသည်။ ယင်း​နိုင်ငံသည် မြင်း​များ​ကို ရတနာတစ်ပါး​သဖွယ် အမြတ်တနိုး​ တန်ဖိုး​ထား​ကြပြီး​ မြင်း​သား​စား​မှုကို ဘာသာ​ရေး​အရ တား​မြစ်မှုတစ်ခုကဲ့​သို့​ ​ရှောင်ကြဉ်​လေ့​ရှိသည်။

ယခင်သမ္မတ​ဟောင်း​ ဆာပါမူရာ နီယာ​ဇော့​သည်လည်း​ မြင်း​ချစ်သူ တစ်ဦး​ဖြစ်ပြီး​ ၂၀၀၄ ခုနှစ်က ​ရေကူး​ကန်၊​ ​လေ​အေး​ပေး​စက်နှင့်​ ကျန်း​မာ​ရေး​ ​စောင့်​ရှောက်မှုစနစ်များ​ ပါဝင်သည့်​ မြင်း​များ​အတွက် အပမ်း​ဖြေစခန်း​တစ်ခုကို ​ဒေါ်လာသန်း​ ၂၀ ​ကျော် အကုန်အကျခံ တည်​ဆောက်​ပေး​ခဲ့​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here