အ​မေရိကန်တွင် ​ကြော်ငြာတိုက်​ကျွေး​သည့်​ ဒိန်ချဉ်တွင် သုက်ရည်​​​ပါဝင်သည့်​​​ကိစ္စ မှန်ကန်​ကြောင်း​​​အတည်ပြု

alt

ကြော်ငြာသည့်​ အ​နေနှင့်​ အမြည်း​​အဖြစ် တိုက်​ကျွေး​သော ဒိန်ချဉ်အတွင်း​ သုက်ရည်များ​ ပါလာ​ကြောင်း​ စွပ်စွဲချက်​ကို ရဲများ​က အတည်ပြုလိုက်သည်။ အ​မေရိကန်နိုင်ငံ၊​ နယူး​​မက္ကစီကိုတွင် ​နေထိုင်သည့်​ အသက် ၃၁ နှစ်အရွယ် အန်တိုနီ ဂါစီယာဆိုသူသည် ဆန်း​ဖလား​ဝါး​ လယ်သမား​များ​ စူပါမား​ကက်တွင် ဒိန်ချဉ်များ​ကို အမြည်း​​အဖြစ် လိုက်လံတိုက်​ကျွေး​ခဲ့​သည်။

သို့​သော်လည်း​ အမျိုး​သမီး​ တစ်ဦး​က ဒိန်ချဉ်၏ အရသာသည် သုက်ရည်အရသာနှင့်​ ဆင်တူ​နေ​ကြောင်း​ ရဲများ​အား​ တိုင်ကြား​ခဲ့​ပြီး​နောက် အန်တိုနီအား​ ရဲများ​က ထိန်း​သိမ်း​ခဲ့​သည်။ ယခုအခါ DNAစစ်​ဆေး​မှုများ​ ပြုလုပ်ပြီး​နောက် အမျိုး​သမီး​အား​ ဇန်နဝါရီလ ၂၅ ရက်​နေ့​က တိုက်ခဲ့​သည့်​ ဒိန်ချဉ်အတွင်း​ သုက်ရည်များ​ ပါဝင်​နေသည်ကို အတည်ပြုနိုင်ခဲ့​သည်။ အမျိုး​သမီး​က ဒိန်ချဉ်အား​ အန်တိုနီ လာ​ပေး​ချိန်တွင် မြည်း​စမ်း​ကြည့်​ပြီး​နောက် မအီမသာ ဖြစ်ခဲ့​ပြီး​ သုက်ရည်​အရသာ​နှင့်​ ဆင်တူ​ကြောင်း​ ရဲများ​အား​ တိုင်ကြား​ခဲ့​သည်။

ရဲများ​က အန်တိုနီအား​ ဖမ်း​ဆီး​မိပြီး​နောက် ၎င်းသည် ယခင်ကလည်း​ အ​သေး​စား​ လိင်မှုဆိုင်ရာ အကြမ်း​ဖက်မှု​တစ်ခုအတွက် အဖမ်း​ခံဖူး​ကြောင်း​ ​ဖော်ထုတ်​​သိရှိလာခဲ့​သည်။ အန်တိုနီသည် လက်ရှိတွင် အချုပ်​နှောင် ခံထား​ရဆဲဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here