ဝတ်လစ်​စား​လစ်ဖြင့်​ စီမံချက်​ပြုတ်ပြ ​ဟောင်​ကောင်​​အမျိုး​သမီး​​​စား​ဖိုမှူး​

alt

ဟောင်​ကောင်နိုင်ငံမှ အမျိုး​သမီး​ စား​ဖိုမှူး​တစ်ဦး​သည် ဝတ်လစ်စား​လစ်ဖြင့်​ စီမံချက်ပြုတ်ပြခဲ့​ကြောင်း​ သိရသည်။ AFP သတင်း​ဌာနက ဖ​လော်ရာအမည်ရှိ စား​ဖိုမှူး​သည် စူပါမား​ကက် တစ်ခုတွင် Showတစ်ခု စီစဉ်ကာ ဝတ်စုံပြည့်​ဖြင့်​ မိနစ် ၃၀ ကြာ ချက်ပြုတ်ပြခဲ့​ပြီး​နောက် ယခုလို အဝတ်များ​ကို ချွတ်ပစ်ခဲ့​ခြင်း​ဟု ​ဖော်ပြခဲ့​သည်။

သူမသည် ​ဖောက်ထွင်း​မြင်နိုင်​သော ခါး​စည်း​လေး​ တစ်ခုမှလွဲ၍ မည်သည့်​အရာကိုမှ ဝတ်မထား​ခဲ့​ဟုဆိုသည်။ ထိုကိစ္စနှင့်​ ပတ်သက်၍ သူမ၏ လုပ်​ဆောင်ချက်မှာ အမျိုး​သား​များ​ပါ အချက်အပြုတ် ဝါသနာ ပါလာ​စေရန် စည်း​ရုံး​လို​သော​ကြောင့်​ဟု ဖ​လော်ရာက ​တောင်တရုတ် နံနက်ခင်း​ သတင်း​စာသို့​ ​ပြောကြား​ခဲ့​သည်။ ပုံမှန်အား​ဖြင့်​ အမျိုး​သား​များ​သည် အချက်အပြုတ်ကို ဝါသနာမပါဘဲ ငြီး​ငွေ့​လေ့​ရှိ​ကြောင်း​၊​ သူမအ​နေနှင့်​ ချက်ပြုတ်ခြင်း​ကို အမျိုး​သား​များ​ စိတ်ပါလာ​စေရန် နည်း​လမ်း​တစ်ခုဖြင့်​ ဆွဲ​ဆောင်ခဲ့​ခြင်း​သာဖြစ်​ကြောင်း​ ဖ​လော်ရာက ရှင်း​ပြခဲ့​သည်။

​ဖောက်ထွင်း​မြင်နိုင်​သော ခါး​စည်း​ကို ဝတ်ဆင်ခဲ့​ခြင်း​နှင့်​ ပတ်သက်၍ သူမသည် ဖုံး​ထား​သော်လည်း​ ကွယ်ဝှက်မထား​ခြင်း​သာဖြစ်​ကြောင်း​ ရယ်ရယ်​မော​မော ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here