အမျိုး​သမီး​ ရ၀၀ ​ကျော်နှင့်​ ​တွေ့​ဆုံပြီးသည့်​​တိုင် ဖူး​စာရှင်​မရှာ​နိုင်​သေး​​သည့်​ တရုတ်​​​အမျိုး​သား​

alt

တရုတ်နိုင်ငံမှ အမျိုး​သား​ တစ်ဦး​သည် ​အောင်သွယ်များ​၏ ဆက်သွယ်​ပေး​မှုဖြင့်​ အမျိုး​သမီး​ ရ၀၀ ​ကျော်နှင့်​ ​တွေ့​ဆုံခဲ့​သော်လည်း​ ဖူး​စာရှင်ကို ရှာမ​တွေ့​သေး​သဖြင့်​ စိတ်ပျက်​နေကြာင်း​ သိရသည်။ အသက် ၃၂ နှစ်ရှိ ဇန်ဇီယန်း​က ၎င်းသည် အချစ်စစ်ကို ရှာ​ဖွေ​နေ​ကြောင်း​၊​

သို့​သော်လည်း​ အမျိုး​သမီး​များ​နှင့်​ ​တွေ့​ဆုံလိုက်တိုင်း​ ၎င်း၏ဝင်​ငွေ၊​ ကိုယ်ပိုင်ကား​နှင့်​ အိမ်ရှိမရှိကိုသာ စိတ်ဝင်စား​နေသည့်​အတွက် အဆင်မ​ပြေ​ကြောင်း​ တရုတ် Daily Telegraphသို့​ ညည်း​ညူ​ပြောကြား​သွား​သည်။ တရုတ်နိုင်ငံတွင် ဇန်ကဲ့​သို့​ အ​ခြေအ​နေမျိုး​ ကြံု​နေရသည့်​ အမျိုး​သား​ အများ​အပြား​ ရှိ​နေ​ကြောင်း​လည်း​ သိရသည်။

တရုတ်နိုင်ငံ၏ ရုတ်ချည်း​ တိုး​တက်ချမ်း​သာလာမှု၊​ အမျိုး​သမီး​ဦး​ရေက အမျိုး​သား​ထက် နည်း​ပါး​မှုနှင့်​ တစ်အိမ်​ထောင် သား​သမီး​တစ်ဦး​သာရှိ​သော မူဝါဒ ဥပ​ဒေတို့​ကြောင့်​ အမျိုး​သား​များ​အတွက် ပိုမိုအခက်ကြံုလာခြင်း​ဖြစ်သည်။ ဇန်က ၎င်းသည် ​အောင်သွယ်တစ်ဦး​၏ အကူအညီဖြင့်​ အမျိုး​သမီး​ တစ်ဦး​ကို ​တွေ့​ဆုံစဉ်က မိမိ၏ စက်ဘီး​နောက်တွင် လိုက်ပါစီး​နင်း​ရန် ကမ်း​လှမ်း​ခဲ့​ရာ သူမက BMW​နောက်ခန်း​တွင်သာ လိုက်စီး​လို​ကြောင်း​ တုန့်​ပြန်ခဲ့​သည်ဟု ​ပြောဆိုသွား​သည်။

တရုတ်ပြည် အ​ရှေ့​ပိုင်း​ ဟန်နန်း​တွင် ​နေထိုင်​သော ဇန်သည် ၎င်း​တွေ့​ဆုံခဲ့​သမျှ အမျိုး​သမီး​ အ​ရေအတွက်​ကြောင့်​ တရုတ်၏ Dating King အဖြစ် နာမည်ကြီး​နေသည်။ ဇန်သည် ဝက်ဆိုက်တစ်ခုကိုလည်း​ လွှင့်​တင်ထား​ရာ ၎င်းအား​ ​နေ့​စဉ် လာ​ရောက်ချိတ်ဆက်သူ၊​ ​ဆွေး​နွေး​သူ ရာ​ပေါင်း​များ​စွာ ရှိ​နေ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here