ဇင်ဘာ​ဘွေတွင် AIDS ကူး​စက်မှု သိသာစွာ​​ကျဆင်း​

alt

ဇင်ဘာ​ဘွေနိုင်ငံတွင် AIDS ​ရောဂါ ကူး​စက်မှုအတွက် စိုး​ရိမ်ရ​လောက်​သော အ​ခြေအ​နေမှာ သိသိသာသာ ကျဆင်း​လာ​ကြောင်း​ သိရသည်။ ၁၉၉၇ ခုနှစ်နှင့်​ ၂၀၀၇ ခုနှစ်ထိ ၁၀ နှစ်တာ ကာလအတွင်း​ လူမှု​ရေး​ဆိုင်ရာ အမူအကျင့်​ ​ပြောင်း​လဲမှုများ​က ​ရောဂါကူး​စက်မှုနှုန်း​ကို ၅၀ ရာခိုင်နှုန်း​မျှ ​လျော့​ကျသွား​ကြောင်း​ အ​မေရိကန်တွင် ထုတ်ပြန်သည့်​ ဇင်ဘာ​ဘွေ ကျန်း​မာ​ရေး​ဆိုင်ရာ စစ်တမ်း​တစ်ခုက ​ဖော်ပြခဲ့​သည်။

HIV ပိုး​ ကူး​စက်ပျံ့​နှံ့​မှု ကမ္ဘာ​ပေါ်တွင် အဆိုး​ဆုံး​ နိုင်ငံတစ်ခုအဖြစ် ရပ်တည်​နေ​သော ဇင်ဘာ​ဘွေတွင် လူအများ​ကြား​ လိင်နှင့်​ပတ်သက်​သော အမူအကျင့်​များ​ သိသိသာသာ ​ပြောင်း​လဲလာပြီး​ အမျိုး​သမီး​များ​ကို လိင်ခွဲခြား​ ဆက်ဆံမှုလည်း​ ​လျော့​ကျလာသည်မှာ အထင်အရှား​ ​တွေ့​ရသည့်​ တိုး​တက်မှု တစ်ခုပင်ဖြစ်​ကြောင်း​ PloS ​ဆေး​ပညာ သု​တေသနဌာနက ​ကောက်ခံသည့်​ စစ်တမ်း​တွင် မှတ်ချက်ပြု ​ဖော်ပြထား​ခဲ့​သည်။ ဇင်ဘာ​ဘွေတွင် ဓ​လေ့​ထုံး​စံအရ အမျိုး​သား​တစ်ဦး​သည် အမျိုး​သမီး​များ​စွာနှင့်​ ​ပေါင်း​သင်း​ဆက်ဆံမှု ယခုတိုင် ရှိ​နေ​သော်လည်း​ အတိုင်း​အတာ တစ်ခုထိ ​လျော့​နည်း​လာ​ကြောင်း​လည်း​ ဦး​ဆောင်သု​တေသီများ​ဖြစ်သည့်​ ပ​ရော်ဖက်ဆာ ဆီမွန်ဂရက်ဆန်နှင့်​ တင်မိုသီဟဲလက်တို့​က ​ပြောကြား​ခဲ့​သည်။

ဇင်ဘာ​ဘွေတွင် ပညာတတ် လူတန်း​စား​၏ ​ပေါက်​ရောက်မှု ပိုမိုကျယ်ပြန့်​လာခြင်း​ကလည်း​ AIDS ကူး​စက်မှုကို ​လျော့​နည်း​စေရန် အခန်း​ကဏ္ဍတစ်ခုမှ အ​ထောက်အကူ ဖြစ်​စေခဲ့​ကြောင်း​ ပ​ရော်ဖက်ဆာ ဂရက်ဆန်က ရှင်း​ပြသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here