အန္ဒိယအမျိုး​သမီး​သုံး​ဦး​ ဆင်နင်း​ခံရသဖြင့်​​​သေဆုံး​

alt

အိန္ဒိယတွင် ဆင်နင်း​ခံရသဖြင့်​ အမျိုး​သမီး​ ၃ ဦး​ ​သေဆုံး​သွား​ကြောင်း​ သိရသည်။ နိုင်ငံ​တောင်ပိုင်း​ တမီနာဒူတွင် ​ဖေ​ဖော်ဝါရီလ ၉ ရက်​နေ့​က လက်ဖက်ခူး​နေသူ အမျိုး​သမီး​ ၃ ဦး​အား​ ​တောဆင်ရိုင်း​များ​က နင်း​သတ်သွား​ခြင်း​ဟု သစ်​တော​ရေး​ရာ တာဝန်ရှိသူများ​က ​ပြောကြား​ခဲ့​သည်။

ကွိုင်ဘာ​တော်မြိုကအနီး​ လက်ဖက်ခင်း​များ​တွင် အလုပ်လုပ်​နေစဉ် မန်နာပါလီ ​တောထဲမှ ဆင်များ​ ထွက်​ပေါ်လာခြင်း​ဟု အိန္ဒိယတိုင်း​ သတင်း​စာက ​ဖော်ပြခဲ့​သည်။ ​သေဆုံး​ခဲ့​သည့်​ အမျိုး​သမီး​ ၃ ဦး​နှင့်​ အတူပါလာသည့်​ အသက် ၅၀ ​ကျော် အမျိုး​သမီး​ကြီး​ ၁ ဦး​မှာ အသက်​ဘေး​မှ လွတ်​မြောက်ခဲ့​ပြီး​ ဖြစ်စဉ်ကို မျက်မြင်​တွေ့​ရှိခဲ့​သည်။ ​သေဆုံး​သူများ​အနက် ၁ ဦး​ကို ဆင်အုပ်၏ ထိပ်ဆုံး​မှ ဆင်ထီး​ကြီး​က အစွယ်ဖြင့်​ ထိုး​ကော်ကာ ကိုင်​ပေါက်ပြီး​မှ နင်း​သတ်ခဲ့​ခြင်း​ဟု သိရသည်။ ကျန် ၂ ဦး​မှာမူ ဆင်မသုံး​ကောင်၏ စိစိညက်ညက်​ကြေ​အောင် နင်း​ချေခြင်း​ ခံခဲ့​ရသည်။ ယခုကိစ္စ​ကြောင့်​ ​တောဆင်ရိုင်း​အုပ်ကို ​ခြေရာခံ နှိမ်နင်း​ရန် တာဝန်ရှိသူများ​က စီစဉ်​နေ​ကြောင်း​ ဟင်ဒူသတင်း​စာက ​ဖော်ပြခဲ့​သည်။

ယင်း​ဒေသတွင် ​တောဆင်ရိုင်း​များ​ တခါတရံ လူ​နေထိုင်ရာ ​နေရာများ​အနီး​ထိ ချဉ်း​ကပ်လာတတ်​သော်လည်း​ လူ့​အသက်ကို ရန်ရှာခြင်း​မှာ ဖြစ်​တောင့်​ဖြစ်ခဲ ကိစ္စမျိုး​ဟုလည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here