RoboCop ရုပ်တုအား​ ဒက်ထရွိုက်မြို့​တွင် ထား​ရှိမည်​မဟုတ်

alt

အ​မေရိကန်နိုင်ငံ၊​ ဒက်ထရွိုက်မြို့​ မြို့​တော်ဝန်က နာမည်​ကျော် ရဲစက်ရုပ်ဇာတ်ကား​မှ ဇာတ်​ကောင် RoboCop၏ ရုပ်တုကို မြို့​ထဲတွင် ထား​ရှိမည် မဟုတ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ Facebookနှင့်​ Twitter ဝက်ဆိုက်များ​မှတဆင့်​ RoboCop ချစ်သူများ​က မြို့​အတွင်း​ ယင်း​ရုပ်တုကို ထား​ရှိ​ပေး​ရန် လှုပ်ရှား​မှုတစ်ခုဖြင့်​ ​တောင်း​ဆိုခဲ့​ပြီး​နောက်

ဒက်ထရွိုက်တွင် RoboCop အထိမ်း​အမှတ် ရုပ်တုကို မြင်ကြရမည်ဟု ခန့်​မှန်း​ချက်များ​ ထွက်​ပေါ်လာခဲ့​သည်။

သို့​သော်လည်း​ မြို့​တော်ဝန် ​ဒေ့​ဘင်း​က မိမိတို့​သည် အဆိုပါ ရုပ်တုမျိုး​ စိုက်ထူရန် အစီအစဉ်မရှိ​ကြောင်း​ ယတိပြတ် ငြင်း​ပယ်ခဲ့​သည်။ ၎င်းက RoboCop ချစ်သူများ​၏ အကြံ​ပေး​မှုကို ​ကျေး​ဇူး​တင်​သော်လည်း​ မိမိတို့​အ​နေနှင့်​ ယင်း​အစီအစဉ်ကို အ​ကောင်အထည် မ​ဖော်နိုင်​သေး​ပါ​ကြောင်း​ ​ပြောဆိုသွား​သည်။

လွတ်လပ်​သော Online ဆန္ဒမဲ ​ကောက်ခံမှု တစ်ခုအရ မဲ​ပေး​သူ ၆၄၃ ဦး​အနက် ၅၅ ရာခိုင်နှုန်း​က ဒက်ထရွိုက်တွင် RoboCop ရုပ်တု ထား​ရှိသင့်​ကြောင်း​ ဆန္ဒပြုခဲ့​ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here