ကွန်ပျူတာ​​လောက​၏ ထင်ရှား​သော စံပြ​​ပုဂ္ဂိုလ်​ဖြစ်သူ ကန်နက်​​အော်လဆန် ကွယ်လွန်

alt

ကွန်ပျူတာ ​လောက၏ စံပြပုဂ္ဂိုလ်ကြီး​ တစ်ဦး​ဖြစ်သူ ကန်နက်​အော်လဆန်မှာ ယခုအခါ ကွယ်လွန်သွား​ပြီဖြစ်​ကြောင်း​ သိရသည်။ ၎င်း၏ မိသား​စုက ​အော်လဆန်သည် ​ဖေ​ဖော်ဝါရီလ ၆ ရက်​နေ့​က အနိစ္စ ​ရောက်ခဲ့​ကြောင်း​ ထုတ်ပြန်​ကြေညာခဲ့​သည်။

၁၉၅၇ ခုနှစ်က Digital Equipment Corp (DEC) ကို တည်​ထောင်ခဲ့​ပြီး​ နည်း​ပညာ​လောကကို တစ်​ခေတ်ဆန်း​စေခဲ့​သည့်​ ​အော်လဆန် ကွယ်လွန်ချိန်တွင် အသက် ၈၇ နှစ် ရှိ​နေပြီဖြစ်သည်။ ၁၉၆၀ ပြည့်​နှစ်များ​မှ ၁၉၇၀ ပြည့်​နှစ်များ​အထိ မီနီကွန်ပျူတာများ​ ထုတ်လုပ်မှုတွင် DEC သည် ​ရှေ့​ဆောင်လမ်း​ပြအဖြစ် ဦး​ဆောင်ပါဝင်ခဲ့​သည်။ အလွန်ကြီး​မား​ပြီး​ တန်နှင့်​ချီ အ​လေး​ချိန်ရှိသည့်​ ကွန်ပျူတာများ​အစား​ ​ရေခဲ​သေတ္တာ အရွယ်မျှသာရှိသည့်​ ကွန်ပျူတာများ​ ထုတ်လုပ်လာနိုင်​အောင် DEC က ​ဆောင်ရွက်​ပေး​ခဲ့​သည်။ ၁၉၈၀ ပြည့်​လွန်နှစ်များ​တွင် DEC သည် IBM ​နောက်တွင် ဒုတိယအကြီး​ဆုံး​ ကွန်ပျူတာ ထုတ်လုပ်သူအဖြစ် ရပ်တည်နိုင်​လောက်​အောင် ကြီး​ကျယ်လာခဲ့​သည်။ ​

အော်လဆန်သည် ၁၉၉၂ ခုနှစ်တွင် DEC မှ နှုတ်ထွက်သွား​ပြီး​နောက် ​ကော်ပို​ရေး​ရှင်း​၏ အရှိန်အဝါသည် ကျဆင်း​လာခဲ့​ပြီး​ ၁၉၉၈ ခုနှစ် Compaq က DEC ကို ​ဒေါ်လာ ၉.၆ ဘီလျံဖြင့်​ ဝယ်ယူခဲ့​သည်။ ​နောက်ထပ် ၄ နှစ်အကြာတွင်မူ HP က Compaq​ရော DEC ကိုပါ ဝယ်ယူသွား​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here