အ​မေရိကန် လူငယ်နှင် လူလတ်ပိုင်း​​တို့​တွင် ​လေဖြတ်သည့်​​အ​ရေ​အတွက် သိသာစွာ​တိုး​ပွား​လာ

alt

အ​မေရိကန်​နိုင်ငံတွင် လူငယ်ပိုင်း​နှင့်​ လူလတ်ပိုင်း​ အရွယ်များ​​အတွင်း​ ​လေဖြတ်​​ဝေဒနာ ခံစား​ရသည့်​ အ​ရေအတွက်မှာ သိသိသာသာ တိုး​ပွား​​လာ​ကြောင်း​ သိရသည်။ အ​မေရိကန် ​လေဖြတ်ခြင်း​ဆိုင်ရာ ​ဆွေး​နွေး​ပွဲတွင် ဆယ်စုနှစ် တစ်ခုမျှအတွင်း​ လူငယ်ပိုင်း​၊​ လူလတ်ပိုင်း​များ​ အဆိုပါ ​ဝေဒနာ ရရှိမှု တိုး​ပွား​​လာခြင်း​ကို ထည့်​သွင်း​ဆွေး​နွေး​ခဲ့​သည်။

၁၉၉၄-၉၅ မှ ၂၀၀၆-၂၀၀၇ ခုနှစ်များ​​အတွင်း​ အသက် ၁၅ နှစ်နှင့်​ ၃၄ နှစ်ကြား​ အမျိုး​သား​များ​ ​လေဖြတ်မှုသည် ၅၁ ရာခိုင်နှုန်း​ တိုး​တက်လာခဲ့​သည်။ သို့​သော် အမျိုး​သမီး​များ​တွင်မူ ထိုမျှ​လောက် သိသာထင်ရှား​သော တိုး​ပွား​မှု မရှိဘဲ ၁၇ ရာခိုင်နှုန်း​မျှ မြင့်​တက်လာသည်။ မည်သို့​ပင်ဖြစ်​စေ လူငယ်ပိုင်း​၊​ လူလတ်ပိုင်း​များ​တွင် ​လေဖြတ်မှု ဖြစ်​ပေါ်ခြင်း​ များ​ပြား​လာခြင်း​မှာ ကျန်း​မာ​ရေး​ဆိုင်ရာ စိုး​ရိမ်ဖွယ် တပ်လှန့်​မှုတစ်ခုဟု မှတ်ယူနိုင်​ကြောင်း​ မီယာမီ တက္ကသိုလ်မှ ​ဒေါက်တာ ရက်ဆာကိုက ​ထောက်ပြ​ပြောဆိုခဲ့​သည်။

အ​မေရိကန်ရှိ လူငယ်ပိုင်း​နှင့်​ လူလတ်ပိုင်း​ အမျိုး​သမီး​များ​၏ ​လေဖြတ်မှု ပမာဏ မြင့်​တက်​လာ​ကြောင်း​ကိုလည်း​ ယခင်က ပြုလုပ်ခဲ့​သည့်​ ပိုမို​သေး​ငယ်​သော သု​တေသန လုပ်ငန်း​များ​တွင် ​ဖော်ထုတ်​တွေ့​ရှိခဲ့​ပြီး​ဖြစ်သည်။ အ​မေရိကန် ပြည်သူများ​၏ ​နေထိုင်​စား​သောက်မှုပုံစံ မှား​ယွင်း​မှုနှင့်​ အဝလွန်မှုများ​ တိုး​ပွား​လာခြင်း​က ​လေဖြတ်နှုန်း​ မြင့်​မား​လာခြင်း​နှင့်​ အဓိက ယှက်နွယ်​နေ​သော အ​ကြောင်း​ရင်း​တစ်ခုဟုလည်း​ ​ဒေါက်တာဆာကိုက ​ပြောဆိုသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here