ဗြိတိန်အမျိုသမီး​ငယ်​အား​ ဦး​ခေါင်း​​ခွံကျိုး​ကြေ​ဒဏ်ရာ​ရ​စေသူအး​ ဒဏ်​ငွေ​သာ​ချမှတ်သဖြင့်​ ​ဝေဖန်မှုများ​​ထွက်​ပေါ်

alt

ဗြိတိန်နိုင်ငံမှ အမျိုး​သမီး​လေး​ တစ်ဦး​၏ ဦး​ခေါင်း​ခွံတွင် ကျိုး​ကြေ​ဒဏ်ရာရ​စေ​​လောက်​အောင် လုပ်​​ဆောင်​ခဲ့​သည့်​ ​ယောက်ျား​လေး​ တစ်ဦး​အား​ ဒဏ်​ငွေ​အနည်း​ငယ်မျှသာ ချမှတ်ခဲ့​ခြင်း​ကြောင့်​ အကြီး​အကျယ် ​ဝေဖန်မှုများ​ ထွက်​ပေါ်လာခဲ့​သည်။

ဆိုး​သွမ်း​ရမ်း​ကား​သော လူငယ်​တစ်ဦး​သည် ဆမန်သာ ဆက်ဒလာ ​မောင်း​လာသည့်​​ကား​ကို အုတ်ခဲဖြင့်​ အ​ကြောင်း​မဲ့​ ပစ်​ပေါက်ခဲ့​သဖြင့်​ ဆမန်သာ​၏ မျက်နှာတွင် ဆိုး​ဆိုး​​ရွား​ရွား​ ဒဏ်ရာ​များ​ ရရှိ​ခဲ့​သည်။ သူမသည် ကား​မောင်း​ပြီး​ အိမ်ပြန်​လာ​စဉ် ကား​မှန်​ကို ဖြတ်​​ကျော်​ဝင်​ရောက်လာသည့်​ အုတ်ခဲ​ထိမှန်ပြီး​ ဦး​ခေါင်း​ခွံတွင် ကျိုး​ကြေ​ဒဏ်ရာများ​ ရရှိခဲ့​ခြင်း​​ဖြစ်သည်။ အသက် ၁၇ နှစ်အရွယ် ဆမန်သာ၏ မျက်နှာမှာ ​သွေး​ချင်း​ချင်း​ နီသွား​ပြီး​ ရုပ်ပျက်ဆင်း​ပျက် ဖြစ်သွား​​ခဲ့​သည်။

အသက် ၁၇ နှစ်ပြည့်​ ​မွေး​နေ့​မတိုင်မီ ရက်ပိုင်း​အလိုတွင် ဖြစ်ပွား​ခဲ့​သော ​ကြောက်မက်ဖွယ် မှုခင်း​ကြောင့်​ အင်္ဂလန် ကိုယ်စား​ပြု အလှမယ်​တစ်ဦး​ ဖြစ်​လာ​ချင်သည့်​ ဆမန်သာ​၏ ​မျှော်လင့်​ချက် လုံး​ဝ​ပျက်စီး​သွား​ခဲ့​သည်။ သူမသည် ဒဏ်ရာများ​ကြောင့်​ နှာ​ခေါင်း​နှင့်​ မျက်နှာတို့​တွင် ရုပ်ပျက်ဆင်း​ပျက် ဒဏ်ရာများ​ မရသွား​ခင်က အလား​အလာ​ကောင်း​သော ကိုယ်ဟန်ပြ​မယ် တစ်ဦး​​အဖြစ် အသိအမှတ်ပြုခြင်း​ ခံ​နေရြ​ပီဖြစ်သည်။ သူမ၏ကား​ကို အုတ်ခဲဖြင့်​ ပစ်​ပေါက်ခဲ့​သည့်​ လူငယ်က ဆမန်သာတစ်​ယောက် ၁၀ နာရီကြာ​အောင် ခွဲစိတ်ခံခဲ့​ရသည့်​ အကြမ်း​ဖက်မှုကို ၎င်းကျူး​လွန်​ကြောင်း​ ဝန်ခံခဲ့​သည်။

၎င်းအား​ တရား​ရုံး​က ဒဏ်​ငွေ ​ပေါင်စတာလင် ၂၀၀ ချမှတ်ခဲ့​ပြီး​ ဆမန်သာအတွက် ​ဆေး​ဖိုး​ဝါး​ခ တာဝန်ယူ​ပေး​ရန် အမိန့်​ချမှတ်ခဲ့​သည်။ ယင်း​ကြောင့်​ ဆမန်သာ၏ မိသား​စုနှင့်​ အကြမ်း​ဖက်မှု ဆန့်​ကျင်​ရေး​ လှုပ်ရှား​သူများ​က တရား​ရုံး​ ဆုံး​ဖြတ်ချက်ကို ပြင်း​ပြင်း​ထန်ထန် ​ဝေဖန်ရှုတ်ချခဲ့​ကြသည်။ ဆမန်သာသည် ယခုအခါ ပြန်လည်ကျန်း​မာလာပြီ ဖြစ်​သော်လည်း​ သူမ၏ မျက်နှာတွင် အမာရွတ်များ​ ထင်ကျန်​နေဆဲဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here