ဆေး​လိပ်ပြတ်သွား​သည့်​ အ​မေရိကန်သမ္မတဘာရတ်အိုဘား​မား​

alt

အ​မေရိကန်​သမ္မတ ဘာရတ်​အိုဘား​မား​​အ​နေနှင့်​ ​ဆေး​လိပ်​သောက်သည့်​ အကျင့်​ကို ဖြတ်ပစ်​​လိုက်​နိုင်ပြီ ဟု သိရသည်။ ငယ်စဉ် ဆယ်​ကျော်သက် အရွယ်​ကတည်း​က ​ဆေး​လိပ်စွဲ​လာသည့်​ အိုဘား​မား​ သည် သမ္မတ​​ အဖြစ် ​ရွေး​ကောက်ပွဲ မဝင်မီက သမ္မတ ဖြစ်​လာ ပါက ​ဆေး​လိပ်ဖြတ်​မည်ဟု ဇနီး​သည် မစ်ရှယ်​​အိုဘား​မား​ကို ကတိ​ပေး​​​ခဲ့​ဖူး​ကြောင်း​ သိရသည်။

ယခုအခါ သမ္မတ​သည် ​ဆေး​လိပ်​မ​​သောက်သည်မှာ ၁ နှစ်နီး​ပါး​ ကြာမြင့်​​နေပြီ​​ဖြစ်ပြီး​ ယင်း​​အတွက် သမ္မတ က​တော်ထံမှ တိုက်တွန်း​​တောင်း​ဆိုမှုက အလွန်​​အ​ရေး​ပါခဲ့​ကြောင်း​ အိမ်ဖြူ​တော် ​ပြော​ရေး​ဆိုခွင့်​ရ အရာရှိ ​ရောဘတ်ဂစ်က ​ပြောကြား​ခဲ့​သည်။ ​ဆေး​လိပ်စွဲခြင်း​သည် ဖြတ်​တောက်ရန် ခက်ခဲ​သော အ​လေ့​အကျင့်​တစ်ခု ဖြစ်​သော်လည်း​ သမ္မတက စိတ်ဓာတ်ကြံ့​ခိုင်စွာဖြင့်​ ဖြတ်​တောက်လိုက်​နိုင်ခဲ့​ကြောင်း​ ​ရောဘတ်​က​ဆိုသည်။

ဂစ်က သမ္မတအ​နေနှင့်​ ​ဆေး​လိပ်​သောက်ခြင်း​ကို နှစ်သက်​သော်လည်း​ ယခုအခါ သမ္မတက​တော်၏ စကား​က ​ဆေး​လိပ်၏ ဆွဲ​ဆောင်မှုထက် ပိုမို​အား​ကောင်း​​သွား​ခြင်း​ ဖြစ်နိုင်​ကြောင်း​ သတင်း​ထောက်များ​အား​ ရယ်ရယ်​​မော​မော ​ပြောကြား​​သွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here