​တောင်နှင့်​မြောက် ကိုရီး​ယား​​နှစ်နိုင်ငံ စစ်ဖက်​ဆိုင်ရာ​ဆွေး​နွေး​ပွဲပျက်ပြယ်

alt

တောင်နှင့်​မြောက်​ကိုရီး​ယား​ နှစ်​နိုင်ငံကြား​ စစ်​ဖက်ဆိုင်ရာ ​ဆွေး​နွေး​​ညှိနှိုင်း​မှုမှာ ပျက်ပြယ်​သွား​ပြီ​ဖြစ်​ကြောင်း​ သိရသည်။ ​ဖေ​ဖော်ဝါရီလ ၉ ရက်​နေ့​က နှစ်နိုင်ငံ ကိုယ်စား​လှယ်များ​က ​ဆွေး​နွေး​မှု ဆက်လက်​ပြုလုပ်ရန် မဖြစ်နိုင်​​တော့​ဟု ​ကြေညာခဲ့​သည်။

​မြောက်ကိုရီး​ယား​ ​ရေငုပ်သ​င်္ဘော တစ်စင်း​မှ ပစ်လွှတ်လိုက်သည်ဟု ယူဆရ​သော ​တော်ပီဒို​ကြောင့်​ ​တောင်​ကိုရီး​ယား​ စစ်​သ​င်္ဘော Cheonan နစ်မြုပ်​ခဲ့​ချိန်​​နောက်ပိုင်း​ ပထမ​ဆုံး​ ပြုလုပ်​သည့်​ စစ်ဖက်​ဆိုင်ရာ ​ဆွေး​နွေး​မှုသည် တစုံတရာ သ​ဘောတူညီမှု မရရှိပဲ ပျက်ပြား​သွား​ခြင်း​ဖြစ်သည်။ ​မြောက်ကိုရီး​ယား​က ၎င်းတို့​သည် ​တောင်​ကိုရီး​ယား​နှင့်​ ​နောက်တစ်ကြိမ် ​ဆွေး​နွေး​မည်မဟုတ်ဟု ယတိပြတ် ​ပြောကြား​​ခဲ့​သည်။ ၁၉၅ဝ မှ ၁၉၅၃ ထိ ဖြစ်ပွား​ခဲ့​သော ကိုရီး​ယား​​ကျွန်း​ဆွယ် စစ်ပွဲ​​နောက်ပိုင်း​ ခါး​သီး​သော နိုင်ငံ​ရေး​ ပြိုင်ဖက်များ​​အဖြစ် ရပ်တည်ခဲ့​သော ကိုရီး​ယား​ နှစ်နိုင်ငံ​သည် ယခု​နှစ်ပိုင်း​​အတွင်း​ အတင်း​မာဆုံး​ အ​နေအထား​သို့​ ​ရောက်ရှိ​နေသည်။

စစ်ဖက်ဆိုင်ရာ ​ဆွေး​နွေး​မှုများ​ ပျက်ပြယ်ခဲ့​သော်လည်း​ လူသား​ချင်း​ စာနာမှုဆိုင်ရာ ကြက်​ခြေနီအဖွဲ့​များ​ ​ဆွေး​နွေး​မှုကိုမူ ဆက်လက်လုပ်​ဆောင်နိုင်ရန် ​မျှော်လင့်​ကြောင်း​ ​တောင်ကိုရီး​ယား​ရှိ နှစ်နိုင်ငံ ပူး​ပေါင်း​ဆောင်ရွက်​ရေး​ဝန်ကြီး​ လီဂျွန်ဂျူး​က ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here