အင်အား​​ကြီး​မား​သည့်​ ဒုံး​ကျည်​တစ်လုံး​​အား​ အ​မေရိကန်တွင် လမ်း​ဘေး​၌​​တွေ့​ရှိ

alt

အ​မေရိကန်​နိုင်ငံတွင် အင်အား​​ကြီး​မား​စွာ ​ပေါက်ကွဲ​​နိုင်စွမ်း​ ရှိ​နေသည့်​ ဒုံး​ကျည်​​တစ်လုံး​ လမ်း​ဘေး​တွင် ​တွေ့​ရှိရသဖြင့်​ ရဲတပ်ဖွဲ့​ဝင်များ​ အကြီး​အကျယ် ဗျာများ​​သွား​ကြောင်း​ သိရသည်။ ဖ​လော်ရီဒါရှိ လိတ်စီး​တီး​မှ ရဲတပ်ဖွဲ့​များ​က လမ်း​ဘေး​တွင် ​တွေ့​ရသည့်​ ဒုံး​ကျည်ကို ​ကောက်ယူ​သယ်​ဆောင်လာသည့်​ အမျိုး​သား​ တစ်ဦး​ကြောင့်​ ​ရေတပ်အထူး​တပ်ဖွဲ့​အား​ အကူအညီ ​တောင်း​ခံခဲ့​ရသည်။

​ဖေ​ဖော်ဝါရီ ၆ ရက်​နေ့​က အဆိုပါ အမျိုး​သား​သည် လမ်း​ဘေး​တွင် ​တွေ့​ရှိ​သော ဒုံး​ကျည်အား​ သယ်လာပြီး​ ရဲစခန်း​သို့​ လာ​ရောက်အပ်နှံခဲ့​သည်။ M247 အမျိုး​အစား​ ဒုံး​ကျည်ကို ကား​မောင်း​လာရင်း​ လာဘွန်တီလမ်း​အနီး​ ​တွေ့​ရှိခြင်း​ဟု ၎င်းက ရဲများ​အား​ ရှင်း​ပြခဲ့​သည်။ ထိုဒုံး​ကျည်သည် ​ပေါက်ကွဲနိုင်စွမ်း​ရှိသည့်​ အ​ခြေအ​နေမျိုး​တွင် ရှိ​နေ​သေး​သော​ကြောင့်​ ရဲတပ်ဖွဲ့​က ကျွမ်း​ကျင်သူများ​အား​ အလျင်အမြန် အ​ကြောင်း​ကြား​ပြီး​ သီး​သန့်​လက်နက်စမ်း​သပ်သည့်​ ​နေရာတစ်ခုသို့​ သယ်​ဆောင်ခဲ့​ရသည်။

​ထောက်လှမ်း​ရေး​ အရာရှိများ​က လမ်း​ဘေး​တွင် ​ရောက်​နေသည့်​ ယင်း​ဒုံး​ကျည်နှင့်​ ပတ်သက်ပြီး​ တိတိကျကျ သိရှိရန် စုံစမ်း​နေဆဲဟု သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here