ငယ်စဉ်က အလွန်​ရုပ်ဆိုး​​သည်​ဟု ခံစား​​ခဲ့​ရ​​ကြောင်း​ ဂျနက်​ဂျက်ဆင်​​​ပြောကြား​

alt

သူမသည် ငယ်ရွယ်စဉ်က မိမိကိုယ်ကိုယ် အလွန်​အရုပ်ဆိုး​သည်ဟူ၍ သိမ်ငယ်စွာ ခံစား​​မိခဲ့​ကြောင်း​ ဂျနက်ဂျက်ဆင်က ​ပြောကြား​လိုက်သည်။ ကွယ်လွန်သူ နာမည်​ကျော် အဆို​တော် မိုက်ကယ်​ဂျက်ဆင်၏ ညီမဖြစ်​သော အ​မေရိကန် Pop ဂီတ စတား​က NBC ၏ Today အစီအစဉ်တွင် မယ်ရီဒစ် ဗီအာရာ၏ ငယ်ဘဝက ခံစား​ချက်များ​အ​ကြောင်း​ ​မေး​မြန်း​ခဲ့​ရာ ယခုလို ​ဖြေကြား​သွား​ခြင်း​ဖြစ်သည်။

ဂျနက်သည် ​ဖေ​ဖော်ဝရီလ ၁၅ ရက်​နေ့​က ထုတ်​ဝေခဲ့​သည့်​ True You: A Journey of Finding and Loving Yourself စာအုပ်ကို Promotion ပြုလုပ်ရန် ရည်ရွယ်ကာ ယခုအစီအစဉ်တွင် ပါဝင်ခဲ့​ခြင်း​ဖြစ်သည်။ သူမက အသက် ၂၀ ​ကျော် အရွယ်တွင် မှန်ကြည့်​ရန်ပင် မုန်း​မိခဲ့​ကြောင်း​ မယ်ရီဒစ်အား​ ​ပြောပြခဲ့​သည်။ ထို့​အပြင် သူမ၏ အစ်မဖြစ်သူ ရက်ဘီမှာ သူမထက် များ​စွာသာလွန် လှပပြီး​ အား​ကျစိတ် ဖြစ်ခဲ့​ကြောင်း​၊​ ဘုရား​​သခင်​သည် ရက်ဘီ​အ​ပေါ် ရက်ရက်​ရော​ရောဖြင့်​ လှပ​အောင် ဖန်ဆင်း​ပေး​ထား​သည်ဟု ထင်မိ​ကြောင်း​ ​ပြောဆိုသွား​သည်။

ယခုအချိန်တွင်မူ ငယ်ဘဝ​က သူမ၏ ရူး​သွပ်မှုသည် ပြန်လည်​တွေး​တော ရယ်​မောရုံသာ ရှိ​တော့​ကြောင်း​ ဂျနက်ကဆိုသည်။ သူမအတွက် မိသား​စုက အလွန်​အ​ရေး​ပါခဲ့​ကြောင်း​၊​ အသက်အရွယ် ကြီး​ရင့်​လာသည်နှင့်​အမျှ ဘဝတွင် အလှအပ​ထက် အ​ရေး​ပါ​သော အရာများ​စွာ ရှိ​နေသည်ကို လက်​တွေ့​ခံစား​မိလာ​ကြောင်း​ ဂျနက်က မယ်ရီဒစ်​အား​ ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here