အိမ်သာထဲမှ အမျိုး​သမီး​အား​ မိုဘိုင်း​ဖုန်း​ဖြင့်​ ဓာတ်ပုံ​ရိုက်ရန် ကြိုး​ပမ်း​​သူအား​ ​ထောင်ဒဏ်ချမှတ်

alt

စင်္ကာပူနိုင်ငံတွင် အမျိုး​သမီး​​တစ်ဦး​ အိမ်သာထဲ ရှိ​နေ​ချိန်တွင် မိုဘိုင်း​ဖုန်း​ဖြင့်​ ဗီဒီယို​​ရိုက်ရန် ကြိုး​ပမ်း​ခဲ့​သော မ​လေး​ရှား​ ​ကျောင်း​သား​​​တစ်ဦး​အား​ ​ထောင်ဒဏ် ၂ ပတ် ချမှတ်​လိုက်​ကြောင်း​ သိရသည်။ ​ဖေ​ဖော်ဝါရီလ ၉ ရက်​နေ့​က အသက် ၁၉ နှစ်အရွယ် အွမ်ရှန်မူဂမ် ဘာလာရာမန်က

၎င်းသည် ပြီး​ခဲ့​သည့်​နှစ် ဒီဇင်ဘာ ၂၄ ရက်​နေ့​က အသက် ၃၀ အရွယ် အမျိုး​သမီး​​​တစ်ဦး​အား​ အိမ်သာ​အတွင်း​ ရှိ​နေစဉ် ဓာတ်ပုံ​​​ချောင်း​​ရိုက်ရန် ကြိုး​စား​မိ​ကြောင်း​ ဝန်ခံခဲ့​သည်။ ၎င်းသည် အိမ်သာအခန်း​ငယ်​လေး​ တစ်ခုအတွင်း​ အမျိုး​သမီး​ ဝင်သွား​ချိန်တွင် ​ဘေး​ဖက်ရှိ အခန်း​သို့​ဝင်ကာ Nokia ဖုန်း​ဖြင့်​ ဗီဒီယို ​ချောင်း​ရိုက်ရန် ကြိုး​ပမ်း​ခဲ့​သည်။

တရား​လို အမျိုး​သမီး​က အိမ်သာကြမ်း​ပြင်တွင် အရိပ်ထင်​နေသည်ကို ​တွေ့​ရှိပြီး​နောက် အ​ပေါ်ဖက် ​မော့​ကြည့်​ရာမှ အဖြူ​ရောင် မိုဘိုင်း​ဖုန်း​ တစ်လုံး​ဖြင့်​ ဗီဒီယို ရိုက်​နေသည်ကို ​တွေ့​ရှိ​သော​ကြောင့်​ အလန့်​တကြား​ ​အော်ဟစ်ခဲ့​သည်။ သူမ၏ ​အော်သံ​ကြောင်း​ ဘာလာရာမန်မှာ ထွက်​ပြေး​သွား​ခဲ့​သည်။ သို့​သော် ဝန်ထမ်း​များ​ ​တွေ့​ရှိချိန်တွင် ၎င်းအား​ တား​ထား​ပြီး​ အမျိုး​သမီး​က စွပ်စွဲသည့်​​အခါ ငြင်း​ဆို​ခဲ့​သည်။ သို့​သော် ရဲများ​ရောက်လာချိန်တွင် ၎င်း၏ ဘယ်ဖက်ရှူး​ဖိနပ်​အတွင်း​ ဝှက်ထား​သည့်​ ဖုန်း​ကို ​တွေ့​ရှိပြီး​ အတွင်း​မှ ဗီဒီယို​ကို သက်​သေ​အဖြစ် ​ဖော်ထုတ်​နိုင်ပြီး​နောက် ဘာလာရာမန်က ၎င်းသည် အ​ပျော်သ​ဘော ဗီဒီယိုရိုက်ရန် ကြိုး​ပမ်း​မိ​ကြောင်း​ ဝန်ခံခဲ့​သည်။

ထို့​ကြောင့်​ ၎င်းအား​ တရား​ရုံး​က ​ထောင်ဒဏ်​ချမှတ်ရန် ဆုံး​ဖြတ်ခဲ့​ခြင်း​ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here