HP Tablet ကွန်ပျူတာမှာ ​ဈေး​ကွက်အတွင်း​ရှိ ပြိုင်ဖက်များ​ကို ဖိအား​ပေး​သွား​နိုင်မည်ဟုဆို

alt

ကမ္ဘာ​ပေါ်တွင် ကွန်ပျူတာ အများ​ဆုံး​ ထုတ်လုပ်​ရောင်း​ချ​နေသည့်​ HP က ၎င်းတို့​၏ TouchPad​ ခေါ် Tablet ကွန်ပျူတာသည် ​ဈေး​ကွက်​အတွင်း​ ပြိုင်ဖက်များ​ဖြစ်သည့်​ Microsoft၊​ Apple နှင့်​ Google တို့​ကို ဖိအား​ပေး​သွား​နိုင်မည်ဟု ​ပြောကြား​​လိုက်သည်။ ​

ဖေ​ဖော်ဝါရီလ ၃ ရက်​နေ့​က HP သည် ထုတ်ကုန်သစ် ၃ မျိုး​နှင့်​ မိတ်ဆက်​ပေး​ခဲ့​ပြီး​ ​ဈေး​ကွက်တွင် ​အောင်မြင်​နေသည့်​ Apple ၏ iPad နှင့်​ iPod တို့​ကို ယှဉ်ပြိုင်သွား​ရန် ရည်ရွယ်ထား​သည်။ webOS ကို အသုံး​ပြုထား​သည့်​ HP ၏ ထုတ်ကုန်သစ်များ​သည် Google ၏ Android OS ကိုပါ ယှဉ်ပြိုင်သွား​မည်ဖြစ်သည်။ ၁.၅ ​ပေါင် အ​လေး​ချိန်ရှိ​သော TouchPad သည် 1.2GHz Dual-Core Processor ကို အသုံး​ပြုထား​ပြီး​ သို​လှောင်မှုစွမ်း​ရည် 16GB နှင့်​ 32GB တို့​ကို စိတ်ကြိုက် ​ရွေး​ချယ်နိုင်မည်ဖြစ်သည်။ Processor အမျိုး​အစား​မှာ Snapdrogon ဖြစ်ပြီး​ WebOS ကို အ​ကောင်း​ဆုံး​ ​ထောက်ပံ့​ပေး​နိုင်မည်ဖြစ်သည်။ HP သည် မိုဘိုင်း​ဖုန်း​များ​အတွက် Microsoft က ရည်ရွယ်ထုတ်လုပ်ထား​သည့်​ Windows Phone 7 OS ကိုပါ ယှဉ်ပြိုင်သွား​မည်ဖြစ်သည်။

HP သည် Microsoft ၏ Windows 7 ကို အသုံး​ပြုထား​သည့်​ Slate 500 အမျိုး​အစား​ Tablet ကွန်ပျူတာကို ​အောက်တိုဘာလက ထုတ်​ဝေခဲ့​သော်လည်း​ ​ဈေး​ကွက်တွင် ​အောင်မြင်မှု ကြီး​ကြီး​မား​မား​ မရရှိခဲ့​ပေ။ HP က webOSနှင့်​ ပတ်သက်ပြီး​ မိမိတို့​အ​နေနှင့်​ ​မျှော်လင့်​ချက် မြင့်​မြင့်​မား​မား​ ထား​ရှိ​ကြောင်း​လည်း​ ​ကြေညာထား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here