ကျူး​ဘား​နိုင်ငံတွင် Fiber-Optic အင်တာနက်လိုင်း​ ချိတ်ဆက်​နိုင်​တော့​မည်

alt

ကာလရှည်ကြာစွာ ​စောင့်​ဆိုင်း​ခဲ့​ရပြီး​နောက် ကျူး​ဘား​နိုင်ငံတွင် Fiber-Optic အင်တာနက်လိုင်း​ကို ချိတ်ဆက်နိုင်​တော့​မည်ဖြစ်သည်။ ကမ္ဘာ​ပေါ်တွင် အင်တာနက်မြန်နှုန်း​ အ​နှေး​ကွေး​ဆုံး​ နိုင်ငံတစ်ခုအဖြစ် ရပ်တည်ခဲ့​သော ကျွန်း​နိုင်ငံတွင် သွယ်တန်း​မည့်​ Fiber-Optic စနစ်ကို မဟာမိတ် ဗင်နီဇွဲလား​ နိုင်ငံက ​ထောက်ပံ့​​ပေး​ခဲ့​ခြင်း​ဖြစ်သည်။

​နွေရာသီအထိ ယင်း​ဆက်​ကြောင်း​ကို အသုံး​ပြုနိုင်ဦး​မည် မဟုတ်​သော်လည်း​ အပြီး​သတ် တပ်ဆင်ပြီး​ချိန်တွင် အင်တာနက်လိုင်း​ပေါင်း​ ၃၀၀၀ ​ကျော်နှင့်​ ဖုန်း​ခေါ်ဆိုမှု သန်း​ ၈၀ ​ကျော်တို့​အတွက် ​ထောက်ပံ့​ပေး​နိုင်မည်ဟု ​မျှော်လင့်​ရသည်။ ကွန်မြူနစ် အစိုး​ရ အုပ်ချုပ်​သော ကျူး​ဘား​တွင် နည်း​ပညာနှင့်​ ပြည်သူများ​ အကျွမ်း​ဝင်မှုသည် အလွန်နည်း​ပါး​နေဆဲဖြစ်ပြီး​ နိုင်ငံလူဦး​ရေ၏ ၂.၉ ရာခိုင်နှုန်း​မျှသာ အင်တာနက် အသုံး​ပြုခဲ့​ကြသည်။ သတင်း​အချက်အလက် ဝန်ကြီး​ဖြစ်သူ ​ဂျော့​လူး​ဝစ် ပါဒိုမိုက ယခု Fiber-Optic လိုင်း​သစ်ကို နိုင်ငံအတွင်း​ရှိ ​ကျောင်း​များ​နှင့်​ ချိတ်ဆက်​ပေး​သွား​ရန် ရည်ရွယ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

ယခုလိုင်း​ ချိတ်ဆက်သွယ်တန်း​မှုကို ကျူး​ဘား​နှင့်​ ဗင်နီဇွဲလား​တို့​တွင် အင်တာနက်လိုင်း​ ချိတ်ဆက်မှုကို တာဝန်ယူထား​သည့်​ ပြင်သစ်ကုမ္ပဏီ အယ်ကာတယ်-လူး​ဆန့်​ကပင် တာဝန်ယူ လုပ်​ဆောင်​ပေး​သွား​မည်ဟု သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here