Facebook တွင် အလုပ်ရှင်ကို ​ဝေဖန်​သဖြင့်​ အလုပ်​ထုတ်​ခံရသူ ဥပ​ဒေ​​ကြောင်း​​​အရ​​​အနိုင်ရကာ အလုပ်ပြန်ရ

alt

Facebook မှတဆင့်​ အလုပ်ရှင်အား​ ​ဝေဖန်မိ​သော​ကြောင့်​ အလုပ်ထုတ်ခံခဲ့​ရ​သော အမျိုး​သမီး​​သည် ဥပ​ဒေ​ကြောင်း​​အရ အနိုင်​ရခဲ့​ပြီး​နောက် မူရင်း​​အလုပ်ကို ပြန်လည် ရရှိခဲ့​သည်။ အ​မေရိကန်​နိုင်ငံမှ ဒွန်မာရီ ဆူဇာ​အမည်ရှိ အမျိုး​သမီး​သည် ၂၀၀၉ ခုနှစ် အိမ်သုံး​ကွန်ပျူတာမှ တဆင့်​ သူမ၏ အလုပ်ရှင်နှင့်​ ပတ်သက်ပြီး​ Facebook တွင် ​ဝေဖန်​ရေး​သား​ခဲ့​ရာ အလုပ် ထုတ်ခံရခြင်း​ ဖြစ်သည်။

ထိုစဉ်က သူမ၏ မှတ်ချက်များ​နှင့်​ ပတ်သက်၍ လုပ်​ဖော်ကိုင်ဖက်များ​က ​ထောက်ခံခဲ့​ကြ​သော်လည်း​ အလုပ်ရှင်က ​ဒေါသဖြစ်ကာ အလုပ် ထုတ်ခဲ့​ခြင်း​ဖြစ်သည်။ ဆူဇာသည် အမျိုး​သား​ အလုပ်သမား​​ရေး​ရာ ဆက်ဆံ​ရေး​ ဘုတ်အဖွဲ့​မှ တဆင့်​ သတင်း​များ​တွင် အမည်​​ ဖော်မပြ​သော ကုမ္ပဏီကို ၂၀၁၀ ပြည့်​နှစ်တွင် တရား​​စွဲဆိုခဲ့​ပြီး​ ပြည်​ထောင်စု ဥပ​ဒေ​အရ အလုပ်သမား​​ တစ်ဦး​ အခွင့်​အ​ရေး​ ကို ကာကွယ်​ပေး​ရန် ​တောင်း​ဆို​ခဲ့​သည်။

ကုမ္ပဏီက ၎င်းတို့​၏ အ​ရေး​ပေါ် အ​ခြေအ​နေ ​ဆေး​ဖက်ဆိုင်ရာ ဝန်ထမ်း​ကို ထုတ်ပယ်ခဲ့​ခြင်း​သည် ကုမ္ပဏီနှင့်​ ပတ်သက်၍ ဆိုး​ရွား​သော ​ဝေဖန်မှုများ​ ပြုလုပ်ခဲ့​ခြင်း​ကြောင့်​ဖြစ်​ကြောင်း​ တုန့်​ပြုန်ခဲ့​သည်။ သို့​သော်လည်း​ တရား​ရုံး​က ယခုအမှုတွင် ဆူဇာကို အနိုင်​ပေး​ခဲ့​ပြီး​နောက် ကုမ္ပဏီအား​ သူမကို အလုပ်ပြန်ခန့်​ရန် အမိန့်​ချမှတ်ခဲ့​သည်။ ​ဖေ​ဖော်ဝါရီလ ရ ရက်​နေ့​ စီရင်ချက်အတွက် ​ကျေနပ်​ပျော်ရွှင်မိ​ကြောင်း​ ဆူဇာက ​ပြောကြား​​ခဲ့​သော်လည်း​ ကုမ္ပဏီကမူ တစုံတရာ မှတ်ချက်မ​ပေး​ခဲ့​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here