အိပ်ရာဝင်​နောက်ကျခြင်း​မှာ ကျန်း​မာ​ရေး​​ကို ဆိုး​ရွား​စွာ ထိခိုက်​​စေနိုင်

alt

အိပ်ရာဝင် ​နောက်ကျခြင်း​သည် ကျန်း​မာ​ရေး​အတွက် ကြီး​မား​သော ခြိမ်း​ခြောက်မှုများ​ ဖြစ်လာ​စေနိုင်​ကြောင်း​ သု​တေသီများ​က ​ပြောကြား​ခဲ့​သည်။ အိပ်​ရေး​မဝခြင်း​သည် နှလုံး​တွင် ဆိုး​ဆိုး​ရွား​ရွား​ ​ဖောက်ပြန်မှုများ​ ဖြစ်​ပေါ်လာနိုင်​ခြေ မြင့်​တက်လာ​စေ​ကြောင်း​ သိပ္ပံပညာရှင်များ​က ဆိုသည်။

​နေ့​စဉ် ၆ နာရီထက်​လျော့​ပြီး​ အိပ်စက်သား​များ​သည် ​လေဖြတ်ခြင်း​နှင့်​ နှလုံး​ဖောက်ပြန်ခြင်း​တို့​ ဖြစ်​ပေါ်နိုင်​ခြေ သိသိသာသာ တိုး​ပွား​လာ​စေတတ်​ကြောင်း​ သု​တေသန ရလဒ်များ​က ညွှန်ပြလျက်ရှိသည်။ ​လေ့​လာမှုများ​အရ အိပ်​ရေး​မဝခြင်း​သည် နှလုံး​ဖောက်ပြန်မှု ဖြစ်​ပေါ်နိုင်​ခြေ ၅၀ ရာခိုင်နှုန်း​နှင့်​ ​လေဖြတ်နိုင်​ခြေ ၁၅ ရာခိုင်နှုန်း​ထိ တိုး​ပွား​လာ​စေနိုင်​ကြောင်း​ သိရသည်။ အ​မေရိကန်၊​ ဗြိတိန်၊​ ဂျပန်၊​ ဆွီဒင်နှင့်​ ဂျာမနီတို့​ရှိ လူ​ပေါင်း​ ၄၇၅၀၀၀ ​ကျော်တို့​၏ ကျန်း​မာ​ရေး​ မှတ်တမ်း​များ​ကို အ​ခြေခံကာ ပြုလုပ်ခဲ့​သည့်​ ​လေ့​လာမှုများ​က အိပ်​ရေး​မဝခြင်း​သည် အသက်အန္တရာယ် စိုး​ရိမ်ရ​လောက်​အောင် ပြင်း​ထန်သည့်​ နှလုံး​ဖောက်ပြန် တိုက်ခိုက်မှုမျိုး​နှင့်​ ဆက်စပ်​နေ​ကြောင်း​ ​ဖော်ထုတ်​တွေ့​ရှိခဲ့​သည်။

ဝါး​ဝစ်​ဆေး​တက္ကသိုလ်မှ ပ​ရော်ဖက်ဆာ ဖရန်ဆက်စကို ကာပူဆီယိုက လူအများ​အ​နေနှင့်​ တစ်​နေ့​လျင် ရ နာရီမှ ၈ နာရီထိ နှစ်ခြိုက်စွာ အိပ်စက်နား​နေသင့်​ကြောင်း​ အကြံပြုခဲ့​သည်။ အိပ်​ရေး​မဝခြင်း​သည် နှလုံး​နှင့်​ဆိုင်​သော ​ရောဂါများ​ကို ဖြစ်ပွား​စေနိုင်ပြီး​ ​သွေး​တိုး​ခြင်း​၊​ ​လေဖြတ်ခြင်း​များ​နှင့်​လည်း​ ဆက်စပ်​နေ​ကြောင်း​ ၎င်းကဆိုသည်။ သို့​သော်လည်း​ တစ်​နေ့​လျင် ၉ နာရီထက်ကြာ​အောင် အလွန်အကျွံ အိပ်ခြင်း​သည်လည်း​ ​စော​စောစီး​စီး​ နှလုံး​ရောဂါ ရ​စေနိုင်သည့်​ အ​ကြောင်း​တစ်ရပ်အဖြစ် ပညာရှင်များ​က သတိ​ပေး​ပြောဆိုထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here