ချစ်သူနှင့်​​စကား​များ​ကာ အခြား​​အမျိုး​သမီး​​ကို သတ်ပစ်

alt

ဗြိတိန်နိုင်ငံမှ ဆယ်​ကျော်သက် လူငယ်တစ်ဦး​သည် မိမိချစ်သူနှင့်​ စကား​များ​ပြီး​နောက် မဆီမဆိုင် တစိမ်း​အမျိုး​သမီး​ တစ်ဦး​အား​ သတ်ပစ်လိုက်​ကြောင်း​ သိရသည်။ အသက် ၁၉ နှစ်အရွယ် ရိုင်ယန်ဘက်​ဟောက်သည် ချစ်သူနှင့်​ က​တောက်ကဆ ဖြစ်ပြီး​နောက် ဘီယာ ရ ဘူး​နှင့်​ အရက် ၃ ပုလင်း​ ​သောက်ခဲ့​သည်။

ထို့​နောက် ၎င်းသည် လူတစ်ဦး​ဦး​ကို ထိခိုက်နာကျင်​အောင် ပြုလုပ်လိုစိတ် ပြင်း​ပြလာခဲ့​သည်။ ထို့​ကြောင့်​လည်း​ စက်မှုအိမ်ရာ ဌာနအတွင်း​မှ အသက် ၂၄ နှစ်အရွယ် တိုနီရုမင်း​အား​ တိုက်ခိုက်ကာ ပြင်း​ပြင်း​ထန်ထန် ကန်​ကျောက်ခဲ့​သည်။ ၎င်းကို ​တွေ့​ရှိခဲ့​သည့်​ အိမ်ရာလုံခြုံ​ရေး​ ဝန်ထမ်း​တစ်ဦး​က အ​ရေး​ပေါ်​ခေါင်း​လောင်း​ထိုး​ကာ ရုမင်း​၏ ​သွေး​များ​ဖြင့်​ ​ပေကျံ​နေသည့်​ ရိုင်ယန်အား​ အတင်း​ဝင်ဖမ်း​ခဲ့​သည်။ ရဲများ​ ​ရောက်ရှိလာချိန်တွင် ရုမင်း​မှာ အသက်ရှိ​သေး​သော်လည်း​ မကြာမီမှာပင် မျက်နှာ၊​ လည်ပင်း​နှင့်​ ဦး​ခေါင်း​တို့​တွင် ရရှိထား​သော ဒဏ်ရာများ​ကြောင့်​ ​သေဆုံး​ခဲ့​သည်။

ရိုင်ယန်က ၎င်းသည် အရက်မူး​ပြီး​ ရုမင်း​အား​ ရန်ပြုခဲ့​မိ​ကြောင်း​ ဝန်ခံထား​သည်။ ရဲတပ်ဖွဲ့​က ယခုအခါ ရိုင်ယန်အား​ လူသတ်မှုဖြင့်​ စွဲချက်တင်ထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here