စင်္ကာပူတွင် ​ဖျော်​ဖြေခဲ့​သည့်​ ​တေလာဆွစ်

alt

ဖေ​ဖော်ဝါရီလ ၉ ရက်​နေ့​က ​တေလာဆွစ်သည် စင်္ကာပူတွင် ​ဖျော်​ဖြေပွဲတစ်ခု ကျင်း​ပခဲ့​ကြောင်း​ သိရသည်။ စင်္ကာပူ အင်ဒိုး​အား​ကစား​ရုံတွင် ပြုလုပ်​သော ​ဖျော်​ဖြေပွဲတွင် ပရိသတ် ၈၀၀၀ ​ကျော် တက်​ရောက်ခဲ့​ပြီး​ အများ​စုသည် လူငယ် Country ဂီတ အဆို​တော်မ​လေး​ကို အထူး​နှစ်သက်သည့်​ ဆယ်​ကျော်သက်​လေး​များ​ ဖြစ်ကြသည်။

မိနစ် ၉၀ ကြာပြုလုပ်​သော ​ဖျော်​ဖြေ​ပွဲတွင် ​တေလာ​သည် ပရိသတ်​နှင့်​ တသား​တည်း​ ကျခဲ့​ပြီး​ ပရိသတ်၏ အထူး​နှစ်ခြိုက် အား​ပေး​မှုကို ရရှိခဲ့​သည်။ ယခု​ဖျော်​ဖြေပွဲသည် သူမ၏ Speak Now ကမ္ဘာလှည့်​ ​ဖျော်​ဖြေပွဲမှ အစီအစဉ်​တစ်ခုဖြစ်သည်။ Speak Now အရ ​တေလာသည် ၉ လ​အတွင်း​ ကမ္ဘာ့​နိုင်ငံ ၁၉ ခုသို့​ သွား​ရောက်ရန် စီစဉ်ထား​သည်။ အသက် ၂၂ နှစ်အရွယ်ရှိ ​တေလာသည် ၂၀၀၇ ခုနှစ်က စတင်​နာမည်ကြီး​လာခဲ့​ပြီး​ Teardorps on My Guitar ကဲ့​သို့​ သီချင်း​များ​ကြောင့်​ ပရိသတ် အခိုင်အမာ ရရှိလာသည်။

သူမသည် ထိုနှစ်အတွင်း​မှာပါ သူမ၏ အ​အောင်မြင်ဆုံး​ Fearless အယ်ဘမ်ကို ထုတ်​ဝေခဲ့​ရာ တစ်နှစ်တာ အ​ကောင်း​ဆုံး​ အယ်ဘမ်ဆု အပါအဝင် ဂရမ်မီဆု ၄ ခုကို ဆွတ်ခူး​ရရှိနိုင်ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here