တရုတ်နိုင်ငံအတွက် သူလျှို​လုပ်​ပေး​မှုဖြင့်​ ဗိုလ်ချုပ်​တစ်ဦး​အား​ ထိုင်ဝမ်​အစိုး​ရ​​ဖမ်း​ဆီး​

alt

တရုတ်နိုင်ငံအတွက် သူလျှိုလုပ်​ပေး​ကြောင်း​ စွဲချက်ဖြင့်​ ဗိုလ်ချုပ်တစ်ဦး​ကို ထိုင်ဝမ်အစိုး​ရက ဖမ်း​ဆီး​လိုက်သည်။ ယင်း​သည် နှစ်​ပေါင်း​များ​စွာအတွင်း​ ထိုင်ဝမ်တွင် သူလျှိုမှုအတွက် ဖမ်း​ဆီး​သူများ​အနက် ရာထူး​အဆင့်​အတန်း​ အမြင့်​ဆုံး​ဖြစ်သည်။

ဗိုလ်မှူး​ချုပ် လိုစိန်ချီသည် ၂၀၀၄ ခုနှစ်က ပြည်ပတွင် တာဝန်​ထမ်း​ဆောင်​​နေစဉ် ကတည်း​က တရုတ်​နိုင်ငံနှင့်​ အဆက်အသွယ် ရှိခဲ့​ကြောင်း​ ကာကွယ်​ရေး​ ဝန်ကြီး​​ဌာနက ​ပြောကြား​ခဲ့​သည်။ ၁၉၆၀ ပြည့်​လွန်နှစ်များ​က ဒုတိယ ကာကွယ်​ရေး​ဝန်ကြီး​တစ်ဦး​ အဖမ်း​ခံရပြီး​နောက်ပိုင်း​ ကွန်မြူနစ်နိုင်ငံကြီး​မှ သူလျှိုအဖြစ် စွဲချက်တင်ခံရသူများ​တွင် လိုသည် ရာထူး​အမြင့်​ဆုံး​ ဖြစ်လာသည်။ လိုသည် ၂၀၀၆ ခုနှစ်တွင် ထိုင်ဝမ်သို့​ ပြန်​ရောက်လာပြီး​နောက် တရုတ်အတွက် သူလျှိုလုပ်ငန်း​များ​ ​ဆောင်ရွက်​ပေး​ခဲ့​ကြောင်း​ ကာကွယ်​ရေး​ ဝန်ကြီး​ဌာနမှ တာဝန်ရှိသူ ယူဆီတူက ​ပြောကြား​ခဲ့​သည်။

စစ်​ဖက်​ထိပ်တန်း​ ​ပြော​ရေး​ဆိုခွင့်​ရ ပုဂ္ဂိုလ်ဖြစ်သည့်​ ဗိုလ်ချုပ်​ဝမ်မင်ဝို လို၏ လုပ်ရပ်သည် စစ်တပ်​အတွက် ကြီး​မား​စွာ အရှက်ရ​စေခဲ့​ကြောင်း​ ရှုတ်ချ​ပြောကြား​ခဲ့​သည်။ ကာကွယ်​ရေး​ ဝန်ကြီး​ဌာနက လိုသည် နှစ်နှင့်​ချီ ကြာမြင့်​အောင် ထိုင်ဝမ်၏ လုံခြံု​ရေး​ဆိုင်ရာ ယို​ပေါက်များ​ကို တရုတ်​နိုင်ငံထံသို့​ အ​ကြောင်း​ကြား​​နေခဲ့​ကြောင်း​ စွပ်စွဲထား​သည်။

ယခုကိစ္စနှင့်​ ပတ်သက်၍ တရုတ်နိုင်ငံက တစုံတရာ တုန့်​ပြန်ခြင်း​ မရှိ​သေး​ကြောင်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here