​ခေါင်း​တုံး​ရိတ်သည့်​ ​ခေါင်း​ဆောင်း​​​တစ်မျိုး​ တီထွင်

alt

အ​မေရိကန်မှ စိတ်ကူး​ဉာဏ် ထက်သန်သူ တစ်ဦး​သည် ​ခေါင်း​တုံး​ရိတ်​ပေး​သည့်​ ​ခေါင်း​ဆောင်း​တစ်မျိုး​အား​ တီထွင်ခဲ့​ကြောင်း​ သိရသည်။ ယင်း​ခေါင်း​ဆောင်း​ တပ်ထား​ပါက ​ခေါင်း​တုံး​​ရိတ်ခြင်း​ကို စက္ကန့်​ ၂၀ အတွင်း​ပြီး​ပြတ်​​အောင် ​ဆောင်ရွက်​​ပေး​နိုင်​မည် ဖြစ်သည်။

ဓား​သွား​ ၄ ခု ပါဝင်ပြီး​ ​မော်တာ ၂ ခုဖြင့်​ ​မောင်း​နှင်​သော ကိရိယာသည် ​ခေါင်း​တုံး​ရိတ်သည့်​အခါ ဆံပင်တွင်လိမ်း​ရသည့်​ ခရင်ကိုပါ ထည့်​သွင်း​ပေး​သော စနစ်မျိုး​ ပါဝင်​နေသည်။ ​ဘောရစ်ဟုသာ အမည်​ဖော်ပြ​သော တီထွင်သူက ၎င်း၏ ကိရိယာကို ရဲရဲဝံ့​ဝံ့​ အစမ်း​သပ်ခံသူ တစ်ဦး​အား​ ​ခေါင်း​ရိတ်ပြသည့်​ ဗီဒီယိုကို အင်တာနက်တွင် လွှင့်​တင်ခဲ့​သည်။ ယင်း​ကိရိယာသည် ၎င်း၏ ​ခေါင်း​တုံး​ရိတ်ခြင်း​ အပြီး​သတ်ချိန်တွင် LED မီး​လေး​များ​ ထွန်း​ညှိပြီး​ အချက်ပြမည်ဖြစ်သည်။ ​ခေါင်း​ရိတ်ခံခဲ့​သူက ဆံပင်တိုတိုမျှသာ ကျန်​တော့​ချိန်တွင် ၎င်း၏​ခေါင်း​ပေါ် ဓား​သွား​က ​ပြေး​လွှား​နေသည့်​အခါ စိတ်ထဲတွင် ​နေမထိထိုင်မသာ ဖြစ်လာမိ​ကြောင်း​ ဝန်ခံခဲ့​သည်။

​ဘောရစ်ကမူ ၎င်း၏​ခေါင်း​ဆောင်း​သည် ​ခေါင်း​တုံး​ရိတ်ခံသူကို အနည်း​ငယ်မျှပင် ဒဏ်ရာရ​စေမည် မဟုတ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ​ဘောရစ်က ယင်း​၏ ​ခေါင်း​ဆောင်း​ကို အသုံး​ပြုခြင်း​ဖြင့်​ ​ခေါင်း​တုံး​ရိတ်သည့်​အခါ အချိန်ကုန်မှုကို သက်သာ​​လျော့​နည်း​စေမည်​ဖြစ်​ကြောင်း​ ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here