ဆက်ကပ်ပွဲ​နောက်ဖက်အိမ်သာတွင် က​လေး​​မွေး​ပြီး​​စွန့်​ပစ်ခဲ့​သည့်​​အမျိုး​သမီး​အား​ အ​မေရိကန်​ရဲဖမ်း​ဆီး​

alt

ဆက်ကပ်ပွဲတစ်ခု၏ ​နောက်ဖက် အိမ်သာတွင် က​လေး​မွေး​ပြီး​ စွန့်​ပစ်ခဲ့​မှု​​အတွက် အမျိုး​သမီး​ တစ်ဦး​အား​ အ​မေရိကန် ရဲတပ်ဖွဲ့​က ဖမ်း​ဆီး​ထား​လိုက်သည်။ အသက် ၂၅ နှစ်အရွယ် ဂျက်ဆီကာ ဘလက်ဟမ်း​သည် ​ဖေ​ဖော်ဝါရီလ ၄ ရက်​နေ့​က ဆက်ကပ်ပွဲကြည့်​နေရာမှ အိမ်သာသို့​ ထသွား​ခဲ့​သည်။

အိမ်​ထောင်ရှင် တစ်ဦး​ဖြစ်ပြီး​ က​လေး​တစ်ဦး​ ​မွေး​ဖွား​ထား​ပြီး​ဖြစ်သည့်​ ဂျက်ဆီကာသည် အိမ်သာထဲတွင် သား​ယောက်ျား​လေး​ တစ်ဦး​ကို ​အောင်မြင်စွာ ဖွား​မြင်ခဲ့​သော်လည်း​ မွန်း​ကြပ်​နေသည့်​ သနား​စရာ က​လေး​ငယ်ကို ​အေး​စက်ညစ်ပတ်​နေသည့်​ အိမ်သာ​ရေထဲတွင် ပစ်ထား​ခဲ့​သည်။ သန့်​ရှင်း​ရေး​ အလုပ်သမား​ တစ်ဦး​က ​တောင်ပိုင်း​ ကာရိုလိုင်း​နား​ရှိ ဂရင်း​ဗီလီမှ အိမ်သာထဲတွင် က​လေး​ငိုသံ ကြား​သဖြင့်​ သွား​ကြည့်​ရာမှ ၆ ​ပေါင် အ​လေး​ချိန်ရှိ​သော က​လေး​အား​ ​တွေ့​ရှိခဲ့​ခြင်း​ဖြစ်သည်။

သန့်​ရှင်း​ရေး​ ဝန်ထမ်း​က ရဲကို အ​ကြောင်း​ကြား​ခဲ့​ပြီး​နောက် ရဲတပ်ဖွဲ့​သည် လူ​ပေါင်း​တစ်​သောင်း​မျှ လာ​ရောက်ကြည့်​ရှု​နေသည့်​ ဆပ်ကက်ပွဲအတွင်း​ က​လေး​အ​မေ ဖြစ်နိုင်သူကို ဗီဒီယို မှတ်တမ်း​များ​ဖြင့်​ ရှာ​ဖွေခဲ့​သည်။ ရဲများ​က ဂျက်ဆီကာအား​ ဖမ်း​ဆီး​မိချိန်တွင် သူမသည် ၄ နှစ်အရွယ် သမီး​လေး​ တစ်ဦး​၏ မိခင်ဖြစ်ပြီး​ ယခင်က ပြစ်မှုမှတ်တမ်း​ မရှိဟု ​ဖော်ထုတ်သိရှိခဲ့​ရသည်။ ရဲများ​က သန့်​ရှင်း​ရေး​ ဝန်ထမ်း​သည် က​လေး​၏ အသက်ကို ကယ်ခဲ့​ခြင်း​ဖြစ်​ကြောင်း​ဆိုသည်။ က​လေး​သည် အသက်ရှူမှုဆိုင်ရာ ချွတ်ယွင်း​ချက်များ​ ဖြစ်​ပေါ်​နေသဖြင့်​ အ​စောတလျင် ကုသ​ပေး​ခဲ့​ရသည်။

ရဲတပ်ဖွဲ့​က ဂျက်ဆီကာ က​လေး​ကို စွန့်​ပစ်ခဲ့​ခြင်း​ အ​ကြောင်း​ကို တိတိကျကျ မ​ပြောခဲ့​သလို က​လေး​အ​ဖေ၏ အမည်ကိုလည်း​ ​ကြေညာခြင်း​ မရှိခဲ့​ကြောင်း​ သတင်း​များ​က ​ဖော်ပြသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here