အရက်အလွန်​အကျွံ​​သောက်​မိသဖြင့်​ အသက် ၆ နှစ်အရွယ်​မိန်း​က​လေး​ ​ဆေး​ရုံ​​ရောက်

alt

အသက် ၆ နှစ်အရွယ် မိန်း​က​လေး​ တစ်ဦး​သည် အရက်​အလွန်​အကျွံ ​သောက်ခဲ့​သဖြင့်​ ​ဆေး​ရုံသို့​ ​ရောက်ခဲ့​​ရ​ကြောင်း​ သိရသည်။ သူမသည် အရက်​လွန်ကျွံမှု​ကြောင့်​ ​ဆေး​ရုံ​​ရောက်ခဲ့​ရသည့်​ ဗြိတိန်၏ အသက်​အငယ်ဆုံး​ ပုဂ္ဂိုလ်​ပင် ဖြစ်လာ​ဖွယ် ရှိ​နေ​သည်။

အ​ရှေ့​ဆက်ဆက်ရှိ အက်စတာဘွန်း​ခရိုင် အ​ထွေ​ထွေ ​ဆေး​ရုံကြီး​တွင် ကုသမှု ခံယူခဲ့​ရသည့်​ မိန်း​က​လေး​သည် အရက်နှင့်​ မည်သို့​မည်ပုံ နီး​စပ်ခဲ့​သည်ကိုမူ မသိရ​သေး​ချေ။ သူမသည် အရက်​လွန်ကျွံမှု​ကြောင့်​ ​ဆေး​ရုံက လက်ခံကုသ​ပေး​ခဲ့​ရသည့်​ အသက် ၁၇ နှစ်​အောက်များ​အနက် ၁၉၈ ဦး​မြောက် ဖြစ်လာ​​ကြောင်း​ ​ဆေး​ရုံ​တာဝန်​ရှိသူများ​က ​ပြောကြား​​ခဲ့​သည်။ ဘရိုက်တန်နှင့်​​ဟိုဗီမြို့​တော် ​ကောင်စီက ၉ နှစ်အရွယ် ​ယောက်ျား​လေး​ တစ်ဦး​သည်​လည်း​ အရက်​သမား​ ဖြစ်​​နေသည်​​ကို ​တွေ့​ရှိခဲ့​ကြောင်း​ ​ပြောကြား​​ခဲ့​သည်။

လွတ်လပ်​သော စစ်တမ်း​များ​​အရ အသက် ၁၅ နှစ်​အောက် က​လေး​ငယ် ၅၈ ရာခိုင်နှုန်း​သည် အရက်​သောက်ခဲ့​ဖူး​ကြောင်း​ ​ဖော်ထုတ်​တွေ့​ရှိရ​သော​ကြောင့်​ လူငယ်များ​နှင့်​ အရက်တို့​ နီး​စပ်မှု ရှိလာခြင်း​သည် စိုး​ရိမ်စရာ ဖြစ်လာသည်။ ယင်း​သို့​ ဖြစ်ရခြင်း​မှာ အရက်များ​ ​ဈေး​နှုန်း​​သက်သက်သာသာ ​ရောင်း​ချ​​ပေး​နေခြင်း​ကြောင့်​ဟု အရက်​သေစာဆိုင်ရာ ​စောင့်​ကြည့်​ရေး​​အဖွဲ့​မှ အကြီး​အကဲ ဒွန်ရှန်ကာက အပြစ်တင် ​ပြောဆိုခဲ့​သည်။

အသက် ၆ နှစ်အရွယ် မိန်း​က​လေး​တစ်ဦး​ အရက်​သောက်လွန်း​သဖြင့်​ ​ဆေး​ရုံတက် ကုသမှု ခံယူရသည်ဆို​သော ကိစ္စသည် လူငယ်ပိုင်း​တွင် အရက်၏ စိမ့်​ဝင်ပျံ့​နှံ့​မှု အန္တရာယ် မည်မျှကြီး​မား​လာသည်ကို ညွှန်ပြ​နေ​ကြောင်း​ ၎င်းက သတိ​ပေး​သွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here