အမျိုး​သမီး​အင်္ဂါအတွင်း​ မူး​ယစ်​ဆေး​ဝါး​များ​ သိုဝှက်သယ်​ဆောင်လာသည့်​ အ​မေရိကန် အမျိုး​သမီး​ ဖမ်း​ဆီး​ခံရ

alt

အ​မေရိကန်နိုင်ငံ ပင်ဆယ်​ဗေး​နီး​ယား​ရှိ အမျိုး​သမီး​ တစ်ဦး​သည် သူမ၏ အမျိုး​သမီး​ အင်္ဂါအတွင်း​ ဟီး​ရိုး​အင်း​ မူး​ယစ်​ဆေး​ဝါး​များ​ သိုဝှက်သယ်ယူလာ​ကြောင်း​ ​ဖော်ထုတ်​တွေ့​ရှိပြီး​နောက် အဖမ်း​ခံထား​ရ​ကြောင်း​ သိရသည်။

မတ်လ ၂၀ ရက်​နေ့​က သူမအား​ ​ဒေသတွင်း​ရှိ ဒန်​မောအင်း​တွင် ရှိ​နေစဉ် ​ဖောက်ထွင်း​မှု တစ်ခုအတွက် မသင်္ကာသဖြင့်​ ဖမ်း​ဆီး​ခဲ့​ခြင်း​ဖြစ်သည်။ အသက် ၂၇ နှစ်ရှိ ကာရင် မက်ကာ​လောနက်သည် သူမ၏ကား​ မ​တော်တဆ တိုက်မိမှု တစ်ခုအတွက် ရဲစခန်း​သို့​ ​ခေါ်ယူစစ်​ဆေး​နေစဉ် အလွန်​သေး​ငယ်​သော အိတ်က​လေး​ ၅၄ လုံး​ဖြင့်​ ထည့်​ထား​သည့်​ ဟီး​ရိုး​အင်း​များ​ကို ရှာ​ဖွေ​တွေ့​ရှိခဲ့​ခြင်း​ဖြစ်သည်။ ရဲများ​သည် ဟီရိုအင်း​အိတ် ၅၄ လုံး​အပြင် အိတ်အလွတ် ၃၁ လုံး​၊​ ​ဆေး​ညွှန်း​ထောက်ခံချက် ရထား​သည့်​ ​ဆေး​ ၈ လုံး​တို့​အပြင် ​ဒေါ်လာ ၅၁. ၂၂ ​ငွေသား​တို့​ကိုပါ သူမ၏ အမျိုး​သမီး​ အင်္ဂါအတွင်း​ ​တွေ့​ရှိခဲ့​သဖြင် မျက်လုံး​ပြူး​ခဲ့​ရသည်။

သူမသည် ယခုအခါ မူး​ယစ်​ဆေး​ဝါး​ သယ်ယူဖြန့်​ဖြူး​ရန် ကြံစည်မှု၊​ လက်ဝယ်​တွေ့​ရှိမှုများ​ဖြင့်​ တရား​စွဲဆိုခြင်း​ ခံထား​ရ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here