သက်ဆိုင်သူသို့ ….

ဆောင်းပါး သရုပ်ဖေါ် © မင်း​​ကျော်

ကွန်ပျူတာလို့​ ​ပြောလိုက်တာနဲ့​ မြို့​ကိုအ​ခြေမခံဘဲ လူကို အ​ခြေခံပြီး​ စဉ်စား​တတ်ဖို့​လိုတယ် ဆိုတဲ့​

ဆရာ့​ပြောစကား​က အရမ်း​ထိ​ရောက်တဲ့​ စကား​ပါ။ မြန်မာပြည်လူဦး​ရေ ရ၀ ရာခိုင်နှုန်း​က မြို့​နယ်၊​ ​ကျေး​လက်​နေ​လူတန်း​စား​တွေလို့​ လက်ခံထား​ကြပါတယ်။ ရန်ကုန်မြို့​လို ​နေရာက လူထု​လောက်သာ ကွန်ပျူတာ​တွေ၊​ အင်တာနက်​တွေစတဲ့​ နည်း​ပညာ​တွေနဲ့​ ရင်း​နှီး​နေရုံနဲ့​ အိုင်တီစီး​ပွား​ရေး​တို့​ အွန်လိုင်း​ဘီဇီး​နက်တို့​ဆိုတာ တကယ်ထိ​ရောက် ​အောင်မြင်နိုင်မလား​။ ​အောင်မြင်တယ်ဆိုရင်​တောင် လူတစ်အုပ်စုတစ်ခု၊​ ပတ်ဝန်း​ကျင်တစ်​နေရာမှာပဲ ဖြစ်ပါလိမ့်​မယ်။ ​ရေရှည်နဲ့​ တစ်နိုင်ငံလုံး​အတိုင်း​အတာ (ယခုလက်ရှိ ဂျာနယ်တချို့​အောင်မြင်​နေသလို)နဲ့​ တကယ်​အောင်မြင်တယ်လို့​ ​ပြောလို့​ရပါ့​မလား​။ ​နောက် မတည်ငြိမ်တဲ့​ အင်တာနက် အ​ထောက်အပံ့​ကြီး​နဲ့​လည်း​ ဒါ​တွေလုပ်ဖို့​ အာမခံချက်က ဘယ်​လောက်ရှိမလဲ။

အင်တာနက်က​နေ စီး​ပွား​ရှာဖို့​ထက် တကယ်တမ်း​လုပ်သင့်​တာက အင်တာနက်ကို ​တောရွာ​တွေ မ​ရောက်ရင်​တောင် နယ်မြို့​လေး​တွေမှာ​တော့​ အထူး​အဆန်း​ ဖြစ်မ​နေ​အောင် ​ဆောင်ရွက်သင့်​တာပါ။ ဝမ်း​နည်း​စရာ ​ကောင်း​တာက ရန်ကုန်လိုမြို့​ကြီး​နဲ့​ မိုင် ၃၀ ​အောက်သာ ​ဝေး​တဲ့​ နယ်မြို့​တွေမှာ​တောင် အင်တာနက်ဆိုတာ မမြင်ဖူး​တဲ့​သူ​တွေက တစ်မြို့​လုံး​နီး​ပါး​ပါ။ ထပ်​ပြောရရင် ရန်ကုန်မြို့​ကြီး​က ကျွန်​တော်တို့​လို အင်တာနက် သုံး​နေပါတယ်ဆိုသူ​တွေရဲ့​ အိမ်မှာရှိတဲ့​ မိသား​စုဝင်​တွေ​ရော ဘယ်နှ​စ်ယောက်​လောက်အင်တာနက်နဲ့​ ရင်း​နှီး​ကျွမ်း​ဝင်မှု ရှိကြပါသလဲ။ တချို့​က လုပ်ငန်း​ခွင်မှာ သုံး​ခွင့်​ရလို့​ သုံး​ကြရတယ်။ သို့​သော် သူ့​မိသား​စု​တွေက အင်တာနက်ဆိုတာ မြင်ဖူး​သုံး​ဖူး​ပါ့​မလား​။ အခု​နောက်ပိုင်း​ အင်တာနက်ကို ၅ သိန်း​ကျော်​လောက် ရင်း​နှီး​လိုက်ရင်သုံး​လို့​ရတယ်ဆို​ပေမယ့်​ တကယ်တမ်း​ အွန်လိုင်း​ပေါ်မှာပဲ (ကိုယ့်​ပိုက်ဆံ​တွေ အကုန်ခံပြီး​တော့​) ​နေချင်ပါတယ်ဆိုတဲ့​သူက ရာခိုင်နှုန်း​ ဘယ်​လောက်ရှိနိုင်မလဲ။ အဲဒီလို အွန်လိုင်း​လူသား​ဖြစ်ချင်သူ​တွေ များ​လာဖို့​ အများ​ကြီး​ လိုအပ်​သေး​တယ်လို့​ ထင်ပါတယ်။

လူဦး​ရေသိန်း​ဂဏန်း​ဆိုတာ သန်း​ ၆၀ ​လောက် ပမာဏနဲ့​ဆိုရင် အလွန်ကို ပါး​ပါး​လေး​ပါ။ အရင်ကထက် အများ​ကြီး​ တိုး​တက်လာတာ​တော့​ အမှန်ပါ။ ကိုယ်သုံး​နေရတာထက် အား​လုံး​သုံး​နိုင်ခွင့်​ရှိလာဖို့​လည်း​ လိုအပ်ပါ​သေး​တယ်။

မြန်မာနိုင်ငံမှာ အင်တာနက်သုံး​နေတဲ့​သူ ဘယ်​လောက်ဆိုတာထက် အင်တာနက်လိုင်း​ကို ကိုယ်ပိုင်ဝယ်ပြီး​တော့​ သုံး​နိုင်​နေသူ​တွေ ဘယ်​လောက်ရှိလဲဆိုတာက အ​ရေး​ကြီတာပါ။ ​နောက် အဲဒီလို ကိုယ်ပိုင် ဝယ်သုံး​နိုင်သူ​တွေကလည်း​ အွန်လိုင်း​ပေါ်မှာ ​ရောင်း​ရေး​ဝယ်တာ လုပ်ရတာကို ဖီလင်လာတဲ့​သူ၊​ ​ပြောရရင် အွန်လိုင်း​ပေါ်မှာ ပိုက်ဆံသုံး​ရတာကို ​ကျေနပ်ဂုဏ်ယူတဲ့​သူ​တွေ ဖြစ်ဖို့​လိုပါ​သေး​တယ်။ ဆရာသမား​တစ်ဦး​က ​ပြောဖူး​ပါတယ်။ စင်ကာပူက လူတစ်​ယောက်က ဘတ်စ်ကား​၊​ ရထား​ ဘယ်အချိန်လာမယ်ဆိုတာ ဖုန်း​ထဲက​နေ ကြည့်​လို့​ရတဲ့​ ဝန်​ဆောင်မှုကို ပိုက်ဆံ​ပေး​သုံး​ရတာကို ဂုဏ်ယူ​ကျေနပ်ပါတယ်တဲ့​။ အဲဒီလိုလူ​တွေ များ​လာဖို့​ လိုပါတယ်။ သူ့​လို သုံး​နိုင်ဖို့​က လူ​တွေ ဝင်​ငွေ​ကောင်း​ဖို့​ လိုပါတယ်။ ဝင်​ငွေ​ကောင်း​သလို ထွက်​ငွေက လိုက်​ကောင်း​နေပြန်ရင်လည်း​ မဖြစ်ပါ။ အခုလက်ရှိ ၅ သိန်း​ဖုန်း​တွေက ၅ ​သောင်း​လောက်အထိဖြစ်သင့်​တယ်လို့​ ဆရာ ​အောင်ထွန်း​သက်က မှတ်ချက်ပြုပါတယ်။ ကွန်ပျူတာပစ္စည်း​တွေလည်း​ ဒီထက်ပိုပြီး​ဈေး​ကျသင့်​တယ်လို့​ ဆိုပါတယ်။ ဒါမှလည်း​ လူ​တွေက ကိုယ့်​ရဲ့​ဝင်​ငွေထဲက​နေ ဒီလိုနည်း​ပညာကဏ္ဍ​တွေအတွက် ​ငွေသုံး​စွဲနိုင်မှု ပိုလာပါလိမ့်​မယ်။

ဒေါက်တာ​အောင်ထွန်း​သက်က ​ပြောသွား​ပါတယ်။ “ရှိတဲ့​မုန့်​ကို သူတစ်ဖဲ့​ ငါတစ်ဖဲ့​နဲ့​ ဝိုင်း​စာကြဖို့​ပဲ စဉ်း​စာကြတယ်”လို့​ ဆိုပါတယ်။ ​ဝေစုနည်း​လှတဲ့​ နည်း​ပညာဆက်နွယ် ​ဈေး​ကွက်ကို ဝိုင်း​လု​နေကြတာကို ရည်ညွှန်း​လိုတာပါ။ အဲဒါက​တော့​ သာဓက ရှိပါတယ်။ ဂျာနယ်​ဈေး​ကွက်မှာ ​ဝေစုနည်း​တဲ့​ နည်း​ပညာဂျာနယ်လိုင်း​မှာပဲ လိုက်ထုတ်လာလိုက်တာ အသစ်အသစ်​တွေ ၃၊​ ၄ ​စောင်ရှိမယ်ထင်တယ်။ နည်း​ပညာဂျာနယ်​တွေကို လက်​ပွေ့​သမား​တစ်ဦး​က ကင်ပွန်း​တပ် ​ပြောဖူး​တာ အမှတ်ရတယ်။ ရန်ကုန်တစ်ဖက်ကမ်း​ကို သိပ်မ​ရောက်​သော ဂျာနယ်များ​တဲ့​။

ဒေါက်တာ​အောင်ထွန်း​သက်က လုပ်ငန်း​ရှင်​တွေအတွက် ​ပြောသွား​တာကလည်း​ ထိ​ရောက်ပါတယ်။ “လုပ်ငန်း​ရှင်​တွေက ကိုယ့်​စား​ပွဲ​ပေါ်မှာ လက်​တော့​ပ်ကြီး​ တင်ထား​ကြတယ်။ တင်ထား​တာပဲရှိလို့​မရဘူး​။ ကိုယ်တိုင်ယဉ်ပါး​မှုရှိရမယ်။ ဝယ်ပြီး​ကာမှ ဆင်ဖြူ​တော်ကြီး​ကို ဘာလုပ်ရမလဲမသိ ဖြစ်​နေတတ်တယ်။ နက်နဲတဲ့​ အ​ခြေခံ​ပြောင်း​လဲမှုကို လုပ်ငန်း​ရှင်​တွေ စဉ်း​စား​ဖို့​လိုတယ်”တဲ့​။ အမှန်ပါပဲ။ ဒီလိုလူ​တွေ​တောင် ဒီလိုသာ နည်း​ပညာနဲ့​ မယဉ်ပါး​ဘူး​ဆိုရင် နည်း​ပညာဆက်နွယ် စီး​ပွား​ရေး​လုပ်ငန်း​တွေ ဆက်ဖြစ်လာဖို့​ တွန်း​အား​တွေ ​လျော့​မှာပါပဲ။

“အိုင်တီသမား​တွေက ပညာတတ်လာတာနဲ့​အမျှ နိုင်ငံခြား​ကိုထွက်ကြတယ်။ ဒါကို ပြည်တွင်း​အတွက် ဦး​နှောက် ယိုဖိတ်မှုလို့​လည်း​ခေါ်တယ်။ အိုင်တီသမား​နဲ့​ စီး​ပွား​ရေး​သမား​တွေ များ​များ​ပေါင်း​စပ်ဖို့​လိုတယ်”လို့​ ​ဒေါက်တာ​အောင်ထွန်း​သက်က ​ပြောပါတယ်။ မြန်မာပြည်က အိုင်တီကုမ္ပဏီ​တွေက ရင်နာစရာ​ကောင်း​ပါတယ်။ ​ကျောင်း​ပြီး​ သင်တန်း​ပြီး​တဲ့​အခါ လုပ်ငန်း​ခွင့်​ လက်​တွေ့​အ​တွေ့​အကြံုနဲ့​ လုပ်သက်​လေး​ လာယူကြ။ တကယ်တတ်ကျွမ်း​တဲ့​ အချိန်ကျ​တော့​ နိုင်ငံခြား​ထွက်သွား​။ အိုင်တီကုမ္ပဏီ​တွေက တကယ်ကို ​လေ့​ကျင့်​ရေး​ကွင်း​ကြီး​တွေလိုပါပဲ။ အဲဒီကိစ္စမှာလည်း​ ဝန်ထမ်း​နဲ့​ ကုမ္ပဏီ နှစ်ဖက်စလုံး​က မမှား​ပါ။ ကုမ္ပဏီကလည်း​ လည်ပတ်​နေရတဲ့​ အ​နေအထား​တွေအရ ဒီအချိန်မှာ ဒီ​လောက်ပဲ ​ပေး​နိုင်တာမျိုး​ ရှိပါတယ်။ ဝန်ထမ်း​ကလည်း​ ဘဝတစ်ခုထူ​ထောင်ဖို့​က​တော့​ ဒီ​လောက်နဲ့​ဆို အိုပြီး​ ​သေသွား​တဲ့​အချိန်​တောင် တိုက်ခန်း​ကျဉ်း​လေး​တစ်ခန်း​ ပိုင်ဆိုင်ဖို့​က မလွယ်ပြန်ပါဘူး​။ ဆို​တော့​ ဒီလို​တွေပဲ ဖြစ်​နေမှာပါပဲ။ ​ဒေါက်တာ​အောင်ထွန်း​သက် အင်တာဗျူး​ဖတ်ပြီး​တော့​ ​ပြောချင်မိတာ​တွေ ​ရေး​ချလိုက်တာပါပဲ။ ဘာရယ်​တော့​ မဟုတ်ပါ။

ဒီအပတ်ထုတ် အင်တာနက်ဂျာနယ်မှာပါတဲ့​ ​ဒေါက်တာ​အောင်ထွန်း​သက်နဲ့​ အင်တာဗျူး​က လုပ်ငန်း​ရှင်​တွေ၊​ ပညာရှင်​တွေ သိပ်ကို ဖတ်သင့်​တယ်လို့​ ထင်ပါတယ်။ ​ဒေါက်တာ​အောင်ထွန်း​သက်နဲ့​ အင်တာဗျူး​က အင်တာနက်ဂျာနယ် အတွဲ (၁၂)၊​ အမှတ် (၁၂)ရဲ့​ စာမျက်နှာ ၃၉ မှာပါ။

facebook မှရယူကာ​ပြန်လည်​မျှဝေပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here