ကမ္ဘာပျက်ချိန်တွင် လူများ​စွာကိုကယ်တင်နိုင်မည့်​ နိုအာ​လှေကြီး​အား​ တိဘက်တွင်လျှို့​ဝှက်တည်​ဆောက်​နေဟုဆို

alt

ကမ္ဘာပျက်ချိန်တွင် လူများ​စွာကို ကယ်တင်သွား​မည့်​ နိုအာ၏ ​လှေကြီး​တစ်စင်း​ကို တိဘက်တွင် လျှို့​ဝှက်စွာ စတင်တည်​ဆောက်​နေပြီဟု အင်တာနက်တွင် သတင်း​များ​ ထွက်​ပေါ်လာခဲ့​သည်။ ဂျပန်တွင် ငလျင်ကြီး​လှုပ်ရှား​ကာ

ဆူနာမီ ​ရေလှိုင်း​များ​ ဖြစ်​ပေါ်ခဲ့​သလို နျူကလီး​ယား​ ကပ်ဆိုး​ကြီး​တစ်ခု ဖြစ်​ပေါ်နိုင်သည့်​ အ​နေအထား​လည်း​ ရှိ​နေခြင်း​ကြောင့်​ လူအများ​ စိုး​ရိမ်​နေချိန်တွင် အင်တာနက်မှတဆင့်​ ယခု​ကြေညာချက် ထွက်​ပေါ်လာခြင်း​ဖြစ်သည်။

တရုတ်နိုင်ငံ၏ Weibo ဝက်ဆိုက်တွင် မကြာ​သေး​မီကမှ နိုအာ​လှေကြီး​ကို ​ဆောက်လုပ်​နေပြီး​ ယမန်နှစ်တွင် လက်မှတ်များ​ စတင်​ရောင်း​ချသွား​မည်ဟူ​သော ​ဆောင်း​ပါး​တစ်ခုကို လူတစ်ဦး​က လွှင့်​တင်ခဲ့​ခြင်း​ဖြစ်သည်။ ယင်း​လှေကြီး​ကို လာ​ရောက်စီး​နင်း​ပြီး​ ကမ္ဘာပျက်ခြင်း​ ကပ်​ဘေး​မှ တိမ်း​ရှောင်ရန်အတွက် စိတ်ဝင်စား​သူများ​သည် ၎င်းတို့​ပိုင် စည်း​စိမ်ဥစ္စာ ပစ္စည်း​များ​အား​လုံး​ကို ​ရောင်း​ချလာသင့်​ကြောင်း​လည်း​ ယင်း​ဆောင်း​ပါး​တွင် အကြံပြုထား​သည်။ ထို့​အပြင် တရုတ်အစိုး​ရသည်လည်း​ ၎င်းပိုင် နိုအာ​လှေကြီး​ကို သီး​သန့်​တည်​ဆောက်​နေပြီး​ ထို​လှေမှာမူ အလွန်အ​ရေး​ပါ​သော ပုဂ္ဂိုလ်များ​၊​ ထူး​ချွန်ထက်မြက်သူများ​အတွက်သာ ရည်ရွယ်ထား​ကြောင်း​လည်း​ ​ဆောင်း​ပါး​ကဆိုသည်။

ယခုမိမိတို့​ တည်​ဆောက်​သော ​လှေအတွက် လက်မှတ်ခမှာ ယွမ်​ငွေတစ်သန်း​မျှသာ ကျသင့်​မည်ဟု ​ဆောင်း​ပါး​တွင် ဆက်လက်​ဖော်ပြထား​ပြီး​ လာမည့်​နှစ် ဧပြီလနှင့်​ ​မေလတို့​တွင် ​လှေကြီး​ စတင်ရွက်လွှင့်​ရမည်ဟု ခန့်​မှန်း​ကြောင်း​လည်း​ ပိုင်ပိုင်နိုင်နိုင် ​ရေး​သား​ထား​သည်။ ပညာရှင်များ​ကမူ ယခု​ဆောင်း​ပါး​သည် ပြီး​ခဲ့​သည့်​နှစ်က ရုံတင်ခဲ့​သည့်​ ကမ္ဘာပျက်သည့်​ဇာတ်ကား​ 2012ကို အ​ခြေခံ စိတ်ကူး​ယဉ် ဖန်တီး​ထား​ခြင်း​သာဖြစ်​ကြောင်း​ ​ပြောကြား​ခဲ့​ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here