မြန်မာ​ဘာသာသုံး ဝဘ်ပရပ်စ်နှင့် မြန်မာ​ဝဘ်ပရပ်စ်​စာမျက်နှာ​ထွက်ပြီ

alt

ကမ္ဘာတဝန်းရှိ လူဦးရေ ၂၅သန်းကျော် သုံးစွဲနေသည့် ဝဘ်ပရပ်စ် (wordpess) တွင် မြန်မာဘာသာအား တရားဝင် သုံးစွဲ ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

ဝဘ်ပရပ်စ် (wordpess) ၏ မြန်မာဘာသာ လိပ်စာမှာ http://mya.wordpress.org/ ဖြစ်ပြီး၊ ဝဘ်ပရပ်စ် (wordpess) စနစ်လုံးကို ဧရာမြန်မာယူနီကုဒ် စာလုံးကို အသုံးပြုထားပြီး၊ မကြာခင် ကာလတွင် တိုင်းရင်းသားစာပေများဖြစ်သည့် မွန်၊ ရှမ်း၊ ကယားစသည့် ဘာသာများ အတွက် ထပ်မံ ပြန်ဆို ထည့်သွင်း​သွားမည် ဖြစ်ကြောင်းလည်း​သိရသည်။

မြန်မာ့ပရက်စ် (http://myanmapress.com/) ကိုတည်ထောင်သူ ကိုစည်သူသွင်မှ တနှစ်ခွဲခန့် အချိန်ယူကာ ဘာသာပြန်​ဆို​ထားခဲ့ကြောင်း သိရသည်။ လက်ရှိ ဘာသာပြန်မူတွင် အဆင်မ​ပြေမှုများ​​​ရှိပါက WordPress တရား​ဝင် ဘာသာပြန်​စာမျက်နှာ http://translate.wordpress.org/projects/wordpress/ နှင့်​ http://my-mm.ayar.co/projects/wordpress/ တို့​တွင် ဝင်​ရောက် ကူညီ​ဘာသာ ​ပြန်ဆို​ပေး​ဖို့​လည်း​ ဖိတ်​ခေါ်​ထား​ကြောင်း​ ​တွေ့​ရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here