Playboy မဂ္ဂဇင်း​ ထူ​ထောင်သူ ဟုဂျ်ဟက်ဖနာ လက်ထပ်​မည့်​ရက်​​ကြေညာ

alt

Playboy မဂ္ဂဇင်း​ ထူ​ထောင်သူ ဟုဂျ်ဟက်ဖနာက ၎င်းလက်ထပ်မည့်​ ​နေ့​ရက်ကို အတည်ပြု ​ကြေညာလိုက်ပြီဖြစ်သည်။ Playboy မဂ္ဂဇင်း​မှ အ​ဖော်အချွတ် အလှမယ် တစ်ဦး​ဖြစ်သည့်​ ခရစ်စတယ်ဟား​ရစ်နှင့်​ ဒီဇင်ဘာလက ​စေ့​စပ်ထား​သည့်​ ဟက်ဖနာက ဇွန်လ ၁၈ ရက်​နေ့​တွင် မင်္ဂလာပွဲ ကျင်း​ပမည်ဟု ​ပြောကြား​သွား​သည်။

ထိုမင်္ဂလာပွဲကို ၎င်း၏ Playboy စံအိမ်ကြီး​တွင်ပင် ပြုလုပ်မည်ဖြစ်​ကြောင်း​ ဟက်ဖနာ၏ ဇနီး​လောင်း​က အတည်ပြုခဲ့​သည်။ ထိုစ​နေ​နေ့​အတွက် အလွန်ရင်ခုန်မိ​ကြောင်း​ ခရစ်စတယ်က ပီရက်​မော်ဂန်နှင့်​ အင်တာဗျူး​တွင် ​ပြောကြား​သွား​သည်။ ဟက်ဖနာသည် ၎င်း၏ ဒုတိယအိမ်​ထောင်ဖြစ်သည့်​ ကင်ဘာ​လေကွန်း​ရက်နှင့်​ မင်္ဂလာ​ဆောင်စဉ်ကလည်း​ Playboy စံအိမ်တွင်ပင် လက်ထပ်ပွဲ ကျင်း​ပခဲ့​သည်။

အသက် ၈၄ နှစ်ရှိသည့်​ မီဒီယာ လုပ်ငန်း​ရှင် သူ​ဌေး​ကြီး​သည် ၎င်းထက် အသက် ၆၀ ပိုငယ်​သော ဇနီး​နှင့်​ လက်ထပ်​ရေး​ အခမ်း​အနား​ အစီအစဉ်များ​ အ​သေး​စိတ် ​ဆွေး​နွေး​နေ​ကြောင်း​ ​ပြောဆိုသွား​သည်။ ထိုပွဲတွင် ဟက်ဖနာ၏ညီက သတို့​သား​အရန်အဖြစ် တာဝန်ယူမည်ဟုလည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here